အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၈ ဒီဇင်ဘာ ၂၀၂၃

၁၉:၀၇:၂၅
1421359

ဂါဇာကမ်းမြောင်က တိုက်ခိုက်မှုတွေ ရပ်သွားတဲ့အထိ ပင်လယ်နီမှာ စစ်ဆင်ရေးတွေ ဆက်လုပ်နေဦးမည် / ယီမင်

ယီမင် နိုင်ငံ တော်လှန်ရေး ရေးအဖွဲ့ အန်ဆွာရိုလ္လာဟ် မှ ဂါဇာကမ်းမြောင်ဒေသအပေါ် ရန်လို တိုက်ခိုက် များကို မရပ်တန့်ဘဲ ပင်လယ်နီတွင် စစ်ဆင်ရေးများ ရပ်တန့်သွားနိုင်မည် မဟုတ်ကြောင်း ပါလက်စတိုင်းကိစ္စနှင့် ပတ်သက် ၍ ဆွေးနွေးညှိနှိုင်းမှု မပြုနိုင်ကြောင်း နောက်တစ်ကြိမ် ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းအထောက်အထားများ အရ ယီမင် နိုင်ငံ တော်လှန်ရေး ရေးအဖွဲ့ အန်ဆွာရိုလ္လာ၏ ပြောရေးဆိုခွင့်ရှိသူ မိုဟမ္မဒ် အဗ်ဒိုစ်စလာမ် မှ ရန်သူ ဇီယွန်ဝါဒီ၏ စီးပွားရေးအပေါ် ယီမင်၏ လုပ်ရပ်များ၏ ဆိုးရွားသော အကျိုးသက်ရောက်မှုများကို ထောက်ပြခဲ့ပြီး ဂါဇာရှိ ဖိနှိပ်ခံပြည်သူများအပေါ် ဆက်လက် ရက်စက်ကြမ်းကြုတ်မှုများကို သည်းမခံနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် ပင်လယ်နီရှိ  ရန်သူဇီယွန်ဝါဒီ ၏ သင်္ဘောများကိုသာ ပစ်မှတ်ထား မည်ဖြစ် ကြောင်း ၎င်းသင်္ဘောများမှ လွဲ၍ မည်သည့်သင်္ဘောကိုမျှ အန္တရာယ်မရှိကြောင်း မိုဟမ္မဒ် အဗ်ဒိုစ်စလာမ် မှ ပြောကြားခဲ့ပါတယ်။

ယီမင် နိုင်ငံ တော်လှန်ရေး ရေးအဖွဲ့ အန်ဆွာရိုလ္လာ၏ ပြောရေးဆိုခွင့်ရှိသူ မိုဟမ္မဒ် အဗ်ဒိုစ်စလာမ် မှ  ဆက်လက်ပြီး ပါလက်စတိုင်းအပေါ် ယီမင်၏ ရပ်တည် ချက် သည် အမျိုးသားရေး၊ ဘာသာရေးနှင့် ကိုယ်ကျင့် တရားဆိုင်ရာ အခြေခံမူကို ထင်ဟပ်ပြီး ဇီယွန်ဝါဒီအစိုးရသည် အစ္စလာမ်မစ် နိုင်ငံများနှင့် မွတ်စလင် အွန်မသ် အတွက် အဓိက ခြိမ်းခြောက်မှုဖြစ်သည်ဟု ယူဆကြောင်း ပြောကြားခဲ့ပါတယ်။

လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ဂါဇာရှိ ပါလက်စတိုင်းတော်လှန်ရေးလှုပ်ရှားမှုကို ပံ့ပိုးကူညီရန် အတွက် ပင်လယ်နီအတွင်း စစ်သွေးကြွနယ်ချဲ့  ဇီယွန်ဝါဒီအစိုးရ၏ သင်္ဘောအများအပြားကို ယီမင် လက်နက် ကိုင်တပ်ဖွဲ့များက ပစ်မှတ်ထားခဲ့ကြောင်း သတိပြုသင့်ပါတယ်။

ဂါဇာကမ်းမြောင်ရှိ အရပ်သားများကို ပစ်မှတ်ထားနေသရွေ့ ထိုသို့သော စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ် ဆောင်နေမည် ဟု ယီမင်ရေတပ်က ယခင်က သတိ ပေးထားပြီး ဖြစ်ပါတယ်။

****************************************************************

END / 251