အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၈ ဒီဇင်ဘာ ၂၀၂၃

၁၉:၀၉:၀၈
1421360

ဟေစ်ဇ်ဘွလ္လာဟ် ၏ အာဇာနည်တစ်ဦးကို မြှုပ်နှံရန် ကျင်းပသည့် စုဝေးပွဲတစ်ခုကို နယ်ချဲ့ အစ္စရေး စစ်တပ်က တိုက်ခိုက်ခဲ့

လက်ဘနွန်တောင်ပိုင်းရှိ ဟေစ်ဇ်ဘွလ္လာဟ် ၏ အာဇာနည် မိုဂျာဟစ်ဒ် တစ်ဦး အား မြှုပ်နှံရန်အတွက် နယ်ချဲ့ အစ္စရေးစစ်တပ်သည် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း သတင်းများအရ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စစ်သွေးကြွနယ်ချဲ့ အစ္စရေးအစိုးရ၏ စစ်တပ်သည် ဖိနှိပ်ခံ ပါလက်စတိုင်းများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဆက်လက်လုပ်ဆောင်နေပြီး စစ်ပွဲစည်းမျဉ်းများကို ကျူးလွန်ကြောင်း ရာဇ၀တ်မှုနှင့် ရန်လိုမှုမှန်သမျှကို ကျူးလွန်ရန် တွန့်ဆုတ်မနေကြောင်း သိရှိရပါတယ်။

ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဗလီများနှင့် ဘုရားကျောင်းများကိုလည်း ရက်ရက်စက်စက် ပစ်မှတ်ထား လျက်ရှိကြောင်း နယ်ချဲ့ အစ္စရေး စစ်တပ်၏ အဆိုအရ လူ့အခွင့်အရေးနှင့် အခြေခံမူများသည် အရေးမကြီး ကြောင်း ဂါဇာကမ်းမြောင်ဒေသတွင် ဇီယွန်ဝါဒီစစ်တပ်က အပြစ်မဲ့ပါလက်စတိုင်း ၁၉ဝဝဝ ကျော်ကို သတ်ဖြတ်ခဲ့ ပြီး အများစုမှာ ကလေးများနှင့် အမျိုးသမီးများဖြစ်ကြောင်း အခု နယ်ချဲ့ အစ္စရေးစစ်တပ်က နောက်ထပ် လူမဆန်တဲ့ လုပ်ရပ်တစ်ခု လုပ်လိုက် ကြောင်း သိရှိရပါတယ်။

လက်ဘနွန်၏တရားဝင်သတင်းအေဂျင်စီ (NAA) ၏ အဆိုအရ အစ္စရေးဒရုန်းတစ်စီးသည် လက်ဘနွန် တောင်ပိုင်းရှိ ဟေစ်ဇ်ဘွလ္လာဟ် ၏ အာဇာနည် မိုဂျာဟစ်ဒ် တစ်ဦး ကို မြှုပ်နှံရန်အတွက် လက်ဘနွန်နိုင်ငံသားများ စုဝေး နေ သည့် အဆောက်အအုံတစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်။

မကြာသေးမီရက်များအတွင်း ဂါဇာကမ်းမြှောင်တွင် နယ်ချဲ့  အစ္စရေးစစ်တပ်၏ ဆိုးရွားသောရာဇ၀တ်မှုများနှင့် ပါလက်စတိုင်းဒေသရှိ ပါလက်စတိုင်းအမြောက်အများ ရှဟီးဒ် ဖြစ်ပြီးနောက် ဟေစ်ဘွလ္လာဟ် လက်ဘနွန်သည် အစ္စရေး သိမ်းပိုက်ထားသော နယ်မြေမြောက်ဘက်ရှိ အစ္စရေးအစိုးရ၏ စစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ ပါတယ်။

ဤခြေလှမ်းသည်  ဇီယွန်ဝါဒီများ အခြေချနေထိုင်သူများကြားတွင် ကြောက်ရွံ့ထိတ်လန့်စေသည့် လှုပ်ရှားမှု တစ်ခုကို ဖြစ်စေပါတယ်။

****************************************************************

END / 251