အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၉ ဒီဇင်ဘာ ၂၀၂၃

၂၂:၃၂:၅၆
1421750

အီရန်နိုင်ငံခြားရေးဝန်ကြီး ကာတာနိုင်ငံကို ထွက်ခွာသွားခဲ့

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီးဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) ဂါဇာတွင် ဆက်လက်ဖြစ်ပွားနေသော ရန်စမှုများနှင့်ပတ်သက်၍ ကာတာအဆင့်မြင့်အရာရှိများနှင့် ဆွေးနွေး မည်ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီးဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န)  သည် တီဟီရန်မှ ဒိုဟာသို့  ဒီဇင်ဘာလ ၁၉ ရက် ၂၀၂၃ခုနှစ် နေ့ က ထွက်ခွာသွားပြီးဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များအရ အီရန်နိုင်ငံခြားရေးဝန်ကြီးသည် ဂါဇာကမ်းမြောင်ဒေသတွင် ဆက်လက်ဖြစ်ပွားနေသည့် ရန်စမှုများအပါအဝင် ဒေသတွင်းအခြေအနေများနှင့် ပတ်သက်၍ ကာတာအဆင့်မြင့်အရာရှိများနှင့် အရေးကြီးသော ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပါတယ်။

ဂါဇာစစ်ပွဲအစကတည်းက အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီးဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န)  သည် ကာတာနိုင်ငံသို့ စတုတ္ထအကြိမ်မြောက် လာရောက်ခြင်းဖြစ်ပါတယ်။

****************************************************************

END / 251