အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၀ ဒီဇင်ဘာ ၂၀၂၃

၁၃:၂၃:၁၉
1421895

အမေရိကန်သည် ဂါဇာစစ်ပွဲတွင် နိုင်ငံရေး နှင့် ကိုယ်ကျင့်တရားဆိုင်ရာ ရှုံးနိမ့်သွားပါပြီး / အီရန်

ယခုအချိန်အထိ ဂါဇာစစ်ပွဲတွင် အနိုင်ရသူများသည် ပါလက်စတိုင်းလူမျိုးများဖြစ်ပြီး အမေရိကန်အစိုးရသည် ဤစစ်ပွဲတွင် ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးအရ ရှုံးနိမ့်ခဲ့ရသည်ဟု အီရန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နာစေရ် ကန်အာနီ က ဇီယွန်ဝါဒီ အစိုးရ၏ လမ်းကြောင်းသည် လိုချင်သော အောင်မြင်မှုဆီသို့ ဦးတည်သွားမည် မဟုတ်ကြောင်း ယနေ့ သတင်း စာရှင်းလင်းပွဲ တွင် ပြောကြားခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီးဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န)  နှင့် ဟားမတ်စ်အဖွဲ့ ခေါင်းဆောင် အီစ္စမာအီ ဟနီယေဟ် တို့ တွေ့ဆုံရာဘက်သို့ညွှန်း၍ နာစေရ် ကန်အာနီ မှ ပါလက်စတိုင်းနိုင်ငံကို ပါလက်စတိုင်းလွတ်မြောက်ရေးတိုက်ပွဲမှာ အရေးအကြီးဆုံး ထောက်ခံသူအနေနဲ့ အီရန်ဟာ ဂါဇာကမ်းမြောင်ကနေ ထောက်ပံ့ကူညီခဲ့တယ်ဖြစ်ကြောင်း အစ္စရေးနိုင်ငံအပေါ် ဇီယွန်ဝါဒီအစိုးရ၏ ပြင်းထန်သော ရာဇ၀တ်မှုစစ်ပွဲကို အဆုံးသတ်ရန်နှင့် ပါလက်စတိုင်းပြည်သူများအား ထောက်ပံ့ကူညီရန် ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်များတွင် ကြီးမားသော သံတမန်ရေးရာ ကြိုးပမ်းမှုများကို အီရန်  ပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။

အီရန်နှင့် ပါလက်စတိုင်း၏ အစ္စလာမ်မစ်  တည်ငြိမ်ရေးတို့အကြား နီးကပ်သော ဆက်ဆံရေးနှင့် စနစ်တကျ ညှိနှိုင်းဆွေးနွေးမှုများကြောင့် ဟားမတ်စ် အဖွဲ့ခေါင်း ဆောင်နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးတို့အကြား ဂါဇာကမ်းမြောင်ဒေသရှိ နိုင်ငံရေးနှင့် စစ်ပွဲအခြေအနေများအကြောင်း ဆွေး။နွေးခဲ့ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နာစေရ် ကန်အာနီ မှ ပြောကြားခဲ့ပါတယ် ။ ဒီအစည်းအဝေးမှာ အီစ္စမာအီ ဟနီယေဟ် မှ ဂါဇာကမ်းမြှောင်ရဲ့ ပြည်တွင်းအခြေအနေနဲ့ စစ်ပွဲအကြောင်း အသေးစိတ်အစီရင်ခံစာကို တင်ပြခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့ခေါင်းဆောင် ဟားမတ်စ်အဖွဲ့ခေါင်းဆောင်သည် စစ်မြေပြင်တွင် ကြံ့ကြံ့ ခံ အစ္စလာမ် စစ်သည် များ ၏ စွမ်းဆောင်နိုင်မှုနှင့် ဆုံးဖြတ်ချက်ကို မီးမောင်းထိုးပြခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဌာန ပြောရေးဆို ခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

နာစေရ် ကန်အာနီ မှ အီစ္စမာအီ ဟနီယေဟ် ၏ တင်ပြချက်အရ ကြံ့ကြံ့ ခံ အစ္စလာမ် စစ်သည် များသည် ဂါဇာ အတွင်း ရှိ မြေပြင်စစ်ပွဲ တွင်လည်း စစ်မြေပြင်အရ ဖြစ်စေ စစ်သားများ၏စွမ်းရည် ၊ အရည်အချင်း အရဖြစ်စေရန်သူဇီယွန်နစ်များ၏ ရာဇာဝတ်ကျူးလွန်မှု အများအပြားကြား မှာပင် အကောင်းတကာအကောင်း ဆုံး အခြေအနေတွင်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251