အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၁ ဒီဇင်ဘာ ၂၀၂၃

၁၈:၄၁:၅၂
1422363

အမေရိကန်သည် အာဖဂန်နစ္စတန်နှင့် ဗီယက်နမ်နိုင်ငံတို့ထက် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ရပါမည် / အန်ဆွာရိုလ္လာဟ်

ယီမင်ခေါင်းဆောင်က အမေရိကန်သည် ကျွန်ုပ်တို့နိုင်ငံကို ထိပ်တိုက်ရင်ဆိုင်လိုပါက အာဖဂန်နစ္စတန်နှင့် ဗီယက်နမ်တို့ထက် ပိုဆိုးသော အခြေအနေနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သတိပေးပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယီမင်ပြည်သူ့လှုပ်ရှားမှုအဖွဲ့ အန်ဆွာရိုလ္လာဟ်  ၏ အကြီးအကဲ ဆယက်ဒ် ဗဒရိုဒ်ဒီးန် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ မှ ဇီယွန်ဝါဒီအစိုးရသည် ဂါဇာကမ်းမြောင်ဒေသ အပေါ် ရာဇဝတ် မှု ကျူးလွန်နေမှု ၊ ဂါဇာ မြို့ ကိုဝိုင်းရံ ပိတ်ဆို့ ထား မှု နှင့် ဆေးဝါးနှင့် အစားအစာများ ပေးပို့ခြင်းကို အဟန့်အတားဖြစ်စေဖြင့်  အရပ်သား ပါလက်စတိုင်းတွေကို တိုက်ရိုက်ပစ်မှတ်ထား တိုက်နေသည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နယ်ချဲ့ ဇီယွန်ဝါဒီများက ဂါဇာရှိ ဆေးရုံများကို စစ်ရေးပစ်မှတ်များအဖြစ် ကြေညာပြီး ဂါဇာတွင် ၎င်းတို့၏ ရာဇ၀တ်မှုများကို ကြွားလုံးထုတ်ကာ အရပ်သားများကို ပစ်မှတ်ထားသည်ဟု ဆယက်ဒ် ဗဒရိုဒ်ဒီးန် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ ပြောကြားခဲ့ပါတယ်။

ဝါရှင်တန်သည် ဇီယွန်ဝါဒီအစိုးရအား စစ်လေယာဉ်များနှင့် ဖော့စဖရပ်ဖြူအပါအဝင် တားမြစ်လက်နက်များ ပံ့ပိုးပေးနေသည်ဟု ယီမင်၏ လူကြိုက်များသော အန်ဆွာရိုလ္လာဟ် လှုပ်ရှားမှုခေါင်းဆောင် က ထပ်လောင်း ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ဂါဇာတွင် ဇီယွန်ဝါဒီများ၏ ရန်စမှုများကို စစ်ရေးအကြံပေးများနှင့် ကျွမ်းကျင်သူများမှတစ်ဆင့် ပူးပေါင်း ဆောင်ရွက်နေသောကြောင့် အမေရိကန်ပြည်ထောင်စုသည် ဂါဇာတွင် ဖြစ်ပျက်နေသမျှတွင် ပါဝင်ပတ်သက်နေကြောင်း ဆယက်ဒ် ဗဒရိုဒ်ဒီးန် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ ဆက်လက်ပြောကြားခဲ့ပါတယ်၊

ဥရောပနိုင်ငံတွေရဲ့ မှောင်မိုက်တဲ့ သမိုင်းကြောင်းကို ကြည့်ခြင်းအားဖြင့် ပါလက်စတိုင်းနိုင်ငံကို ထောက်ပံ့ဖို့ ကျွန်တော်တို့ မမျှော်လင့်ပါဘူး၊ ဒါပေမယ့် စစ်မှန်တဲ့ တာဝန်က မွတ်စလင်တွေရဲ့ ပခုံးပေါ်မှာ ရှိပြီး ပါလက်စတိုင်းတွေကို တသံတည်းနဲ့ ထောက်ခံသင့်တယ်လို့ ဆယက်ဒ် ဗဒရိုဒ်ဒီးန် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ က ဆက်ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အစ္စရေးသင်္ဘောများကို ကူညီရန် အမေရိကန်သည် ကွင်းပြင်း သို့ လာနေပြီဖြစ်သော်လည်း အစ္စရေးအတွက် ၎င်းတို့၏ အကျိုးစီးပွားကို မထိခိုက်စေရန် အခြားနိုင်ငံများကို ဝေးဝေးနေရန် မေတ္တာရပ်ခံထားကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဆယက်ဒ် ဗဒရိုဒ်ဒီးန် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ မှ ကျွန်ုပ်တို့ ၏ အာရပ် နိုင်ငံများ ကို မေတ္တာရပ်ခံ ပြောကြားသည်မှာ အစ္စရေးနဲ့ အမေရိကန်တို့နဲ့ မိမိတို့ တိုက်ရိုက် တွေ့ နိုင်ရန် အတွက် အမေရိကန်ကို ထောက်ခံပြီး အစ္စရေးနဲ့ အမေရိကန်  ကိစ္စများတွင် မပါဝင် ကြဖို့ ဖြစ်ပါတယ်။

ပြီးနောက် “အမေရိကန်က ငါတို့နိုင်ငံကို ထိပ်တိုက်ရင်ဆိုင်ချင်ရင် အာဖဂန်နစ္စတန်နဲ့ ဗီယက်နမ်တို့ထက် ပိုဆိုးတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရလိမ့်မယ်” ဟု ဆယက်ဒ် ဗဒရိုဒ်ဒီးန် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ က ဆိုခဲ့ပါတယ်။

****************************************************************

END / 251