အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၁ ဒီဇင်ဘာ ၂၀၂၃

၁၈:၅၇:၄၁
1422366

ဒဏ်ရာရနေသော အစ္စရေးစစ်သားများသည် မိမိ တို့၏ ၀န်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံရန် ငြင်းဆိုခဲ့ကြ

သတင်းများအရ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ကျန်းမာရေးဌာနသို့ သွားရောက်လည်ပတ်စဉ်တွင် ဒဏ်ရာရရှိခဲ့သော အစ္စရေးစစ်သားအချို့က ၎င်းအား တွေ့ဆုံရန် ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နယ်ချဲ့ အစ္စရေး TV Channel 13 ၏ အဆိုအရ နေတန်ယာဟုသည် ဂါဇာရှိ စစ်ဆင်ရေးအတွင်း ဒဏ်ရာရစစ်သားများနှင့် တွေ့ဆုံရန် တဲလ်အဗစ်မြို့ရှိ ရှီဗာ  ကျန်းမာရေးစင်တာသို့ သွားရောက်ခဲ့ပါတယ်။ ဒဏ်ရာ ရသွားတဲ့ အစ္စရေးစစ်သားတွေကို ဒီစင်တာရဲ့ အစိတ်အပိုင်းတစ်ခုဆီ ပို့ထားဖြစ်ပါတယ်။

Zionist TV Channel 13 ၏ အစီရင်ခံစာအရ ဤကျန်းမာရေးစင်တာ တွင် ဆေးကုသမှုခံယူနေသည့် စစ်သားများကို နေတန်ယာဟု လာရောက်တွေ့ဆုံသောအခါတွင် ဇီယွန်နစ်စစ်သားအချို့က နေတန်ယာဟုနှင့် တွေ့ဆုံရန် ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။ဒီမြင်ကွင်းကို မြင်တော့ နေတန်ယာဟုနဲ့ တခြား ဇီယွန်ဝါဒီ အကြီးတန်း အရာရှိတွေက ထိတ်လန့်သွားကြပါတယ်။

ထို့နောက် နေတန်ယာဟုနှင့် တွေ့ဆုံမှုကို လက်ခံခဲ့သော  စစ်သားများ ကို စစ်ဘက်ကိုယ်စားလှယ်များနှင့် ဝန်ကြီးချုပ်အရာရှိများအား  စင်တာ၏အတော်လေးအထီးကျန်သောအစိတ်အပိုင်းတစ်ခုတွင် အတင်း စုစည်း စေခဲ့ရပါတယ်။

ထိုအတောအတွင်း ဇီယွန်ဝါဒီ ဝန်ကြီးချုပ်ရုံးကလည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ရှီဗာ ကျန်းမာရေး ဌာနသို့ နေတန်ယာဟု၏ ခရီးစဉ်နှင့် ဂါဇာကမ်းမြောင်ဒေသတိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာရရှိသွားသော အရပ်သားများ နှင့် စစ်သားများနှင့် အောက်တိုဘာ ၇ ရက်က တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားတယ်။

****************************************************************

END / 251