အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၃ ဒီဇင်ဘာ ၂၀၂၃

၁၄:၂၄:၃၄
1422806

ကေရ်မန် နှင့် ခူဇစ်ဇ်သန် ပြည်နယ် ရှိ ပြည်သူများအား ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ မိန့်ခွန်းပြောကြား

ဇီယွန်ဝါဒီ အစိုးရကို ထောက်ပံ့ခြင်းသည် ရာဇ၀တ်မှုနှင့် သစ္စာဖောက်မှုဖြစ်ပြီး ပါလက်စတိုင်းကို ကူညီရန်မှာ တာဝန် ဖြစ်ပါတယ်

ဇီယွန်ဝါဒီအစိုးရကို ထောက်ပံ့ခြင်းသည် ရာဇ၀တ်မှုနှင့် နိုင်ငံတော်သစ္စာဖောက်မှုဖြစ်ပြီး ပါလက်စတိုင်းကို ကူညီရန်မှာ တာဝန်ဖြစ်သည်ဟု ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ မိန့်ကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ကေရ်မန် နှင့် ခူဇစ်ဇ်သန် ပြည်နယ် ရှိ ပြည်သူများအား  ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ   ဇီယွန်ဝါဒီအစိုးရ နယ်ချဲ့ အစ္စရေး အစိုး ကို ထောက်ပံ့ခြင်းသည် ရာဇ၀တ်မှုနှင့် နိုင်ငံတော်သစ္စာဖောက်မှုဖြစ်ပြီး ပါလက်စတိုင်းကို ကူညီရန်မှာ တာဝန်ရှိကြောင်း  ဤသည် သစ္စာဖောက်မှုဖြစ်ပြီး ကံမကောင်း အကြောင်း မလှစွာနဲ့ပဲ မွတ်စလင်မ် အစိုးရအချို့က ရာဇ၀တ်မှုတွေ ကျူးလွန်နေကြောင်း  ဤသစ္စာဖောက်မှုကို မွတ်စလင်မ် ပြည်သူများ အနေဖြင့် ဘယ်တော့မှ မေ့ပျောက် မည်မဟုတ်ကြောင်း လူများသေချာသိစေလိုကြောင်း မိန့်ကြားခဲ့ ပါတယ်။

ဆက်လက်ပြီး ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ နိုင်ငံ အတွင်း ရွေးကောက်ပွဲသည် လိုအပ်ကြောင်း တချို့လူများအနေဖြင့် ပေါ့ပေါ့ဆဆဖြင့် ပြည်သူလူထု  စိတ်ပျက်လက်ပျက်ဖြစ်အောင် ရွေးကောက်ပွဲရဲ့ အရေးပါပုံ  ကိုဘေး ချိတ် အောင် လုပ်ဆောင် နေကြောင်း ရွေးကောက်ပွဲမရှိရင် အကြွင်းမဲ့အာဏာပိုင်ဆိုင်မှု မဲ့ ခြင်း နှင့်လုံခြုံရေးပျက်လာပြီး  မငြိမ်မသက်မှုတွေ ပျံ့နှံ့လာမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ကေရ်မန် နှင့် ခူဇစ်ဇ်သန် ပြည်နယ် ရှိ ပြည်သူများအား  ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံစနစ်တွင် ရွေးကောက်ပွဲ များလိုအပ်ကြောင်း  ဒီမိုကရေစီဆိုသည်မှာ ပြည်သူများ၏သဘော ထားနှင့် အချုပ်အခြာအာဏာကို ဆိုလိုကြောင်း  ရွေးကောက်ပွဲများသည် အုပ်ချုပ်မှု သေချာ စေရန် တစ်ခုတည်း သောနည်းလမ်းဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အချို့သောသူများသည် ရွေးကောက်ပွဲ လိုအပ်သည့် အပေါ် ပြဿနာ ရှာကြပြီး ပြည်သူများ၏ စိတ်အား ထက်သန်မှု ကို အေးအောင် ပြုနေကြောင်း ကိုယ့်နိုင်ငံမှာ ရွေးကောက်ပွဲမရှိရင် တပါတီအာဏာရှင်စနစ် ပေါ်လာ ပြီး လူ့အဖွဲ့အစည်းက ကမောက်ကမ ဖြစ်သွားမယ် ဆိုတာကို အဲဒီလူတွေ မသိကြကြောင်း အဂတိလိုက်စားမှုနှင့် မငြိမ် မသက်မှုများမှ ကင်းဝေးအောင် ထိန်းသိမ်းခြင်းသည် ရွေးကောက်ပွဲ၏ နည်းလမ်းဖြစ်ကြောင်း ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ မိန့်ကြား ခဲ့ပါတယ်။

ဆက်လက်ပြီး အချို့ က ရွေးကောက်ပွဲ ကြောင့် နိုင်ငံ အတွင်း ပြောင်းလဲ မှု ဖြစ်လာမည် ဖြစ်ကြောင်း ကိုတော့ပြောကြားပြီး ပြောင်း လဲမှုကို ဖြစ်စေမည့် ရွေးကောက် ပွဲ ကိုကြတော့ လျစ်လျူရှု အောင် ပြုနေကြကြောင်း ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ မိန့်ကြားပါတယ်။

နိုင်ငံအတွင်း မည်သည့်ပြောင်းလဲမှုမျိုးမဆို နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးကဏ္ဍများမှ ပါဝင်ဆောင်ရွက် သူများ သည် အဆင့်ဆင့်သော ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သင့်သည် ကြောင်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူတွေကြား စိတ်ပျက်အားငယ်အောင် ဖြန့်တာဟာ မှား ကြောင်း ဤသို့ပြုခြင်းသည် လူတစ်ယောက် အဖွဲ့ အစည်း တစ်ခု ကို နစ်နာအောင် ပြုတာ မဟုတ်ဘဲ နိုင်ငံကို နစ်နာ အောင်ပြုခြင်း ဖြစ်ကြောင်း လူတစ်ချို့ ဟာ ပြဿနာ များ ကို တင်ပြ ကြပြီး ပြဿနာ များ ကို ဖြေရှင်းရင်ဆိုင်ရမည့် နည်းလမ်း နှင့်ပတ်သက် လာလျှင် လျစ်လျူရှု မှုကို ပြုကြကြောင်း ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ   မှ ထပ်လောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး ကမ္ဘာပေါ်ရှိ မည်သူမဆို (အသိဉာဏ် ရှိသူ တိုင်း) ဇီယွန်ဝါဒီအစိုးရ၊ အမေရိကန် နှင့် ဗြိတိန်တို့ကြား ကွာခြားမှုမရှိကြောင်း ကို သိကြကြောင်း လုံခြုံရေးကောင်စီမှာ တင်ပြထားတဲ့ အပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အမေရိကန်ပြည်ထောင်စုက အရှက်မရှိ ဗီတိုအာဏာသုံးခဲ့ကြောင်း ပါလက်စတိုင်းလူမျိုးများ၏ အကြီးမားဆုံးအောင်မြင်မှုမှာ အနောက်နိုင်ငံများ၊ အမေရိကန် နှင့် လူ့အခွင့် အရေးတို့၏ လိမ်ညာ ပြောဆို မှုများ ကို အရှက်ရစေအောင် ပြုနိုင်ခဲ့ကြောင်း ဇီယွန်နစ်အစိုးရကို ပံ့ပိုးကူညီရန် ရာဇ၀တ်မှုနှင့် နိုင်ငံတော်သစ္စာဖောက်မှု ဖြစ်ပြီူ ပါလက်စတိုင်းကို ကူညီရန် တာဝန်ရှိကြောင်း မိန့်ကြား ခဲ့ပါတယ်။

ဆက်လက်၍ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ  မှ ကံမကောင်း အကြောင်းမစွာဖြင့် အချို့သော မွတ်စလင်မ် အစိုးရများသည် ရာဇ၀တ်မှုများကို ကျူးလွန်နေကြ ကြောင်း သို့သော်  မွတ်စလလင်မ် အစိုးရများ အနေဖြင့် သိထား ရမည် မှာ မွတ်စလင်မ် ပြည်သူများသည် ဤသစ္စာဖောက်မှုကို ဘယ်တော့မှ မေ့မည်မဟုတ်ကြောင်း ယနေ့ခေတ်တွင် ဂါဇာရှိပြည်သူများထံ ရေ အထိ မရောက် ဇီယွန် အစိုးရ လုပ်ထားသကဲ့သို့ ၎င်း ဇီယွန်အစိုးရ၏ ထောက်ပံ့ရေး၊ ဆီ၊ လောင်စာစသည်တို့ကို ဇီယွန် အစိုးရ ထံ မရောက်ရှိအောင် လုပ်ရမည် မှာ မွတ်စလင်မ် အစိုးရ များ ၏ တာဝန် ဝတ္တရား ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဇီယွန် စိုးရအတွက် အကူအညီတွေအားလုံးကို ရပ်တန့်ပေးဖို့ အစိုးရတွေကို တောင်းဆိုဖို့က မွတ်စလင်နိုင်ငံ တွေရဲ့ တာဝန်ဖြစ် ကြောင်း ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ မိန့်ကြားပါတယ်။  မွတ်စလင်မ်အစိုးရ များ အနေဖြင့် အစ္စရေး နှင့် ဆက်ဆံရေးကို ဖြတ်ရမည် ဖြစ်ကြောင်း ၎င်းတို့ အနေဖြင့် အစ္စရေး ဆက်ဆံရေး ကို လုံးဝ ဖြတ်တောက်ဖို့ မဖြစ်နိုင် ရင်တောင် အနည်းဆုံး ယာယီဖြတ်တောက် ပြီး ဒီသွေးဆာနေတဲ့  အစ္စရေး တို့၏ ရက်စက်ကြမ်းကြုတ်တဲ့အစိုးရကို ဖိအားပေးသင့်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ယနေ့ ကမ္ဘာလုံးဆိုင်ရာ သိစိတ်သည် နာကျင်နေပြီး နာကျင်မှုကို ခံစားနေရသည်ကို သင်မြင်ကြောင်း ယနေ့ခေတ်တွင် အမေရိကန် နှင့် ဥရောပနိုင်ငံများတွင်  ၎င်းနိုင်ငံသူ ၊ နိုင်ငံသား များသည် လမ်းများပေါ်သို့ ထွက်နေကြပြီး ဆန္ဒများ ပြနေကြကြောင်း  ဒါပေမယ့် တချိန်တည်းမှာပဲ လူတချို့က ဒီရက်စက်ကြမ်းကြုတ်တဲ့ အစိုးရကို ထောက်ခံနေကြဆဲ ဖြစ်ကြောင်း ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ မိန့်ကြားခဲ့ပါတယ်။

****************************************************************

END / 251