အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၃ ဒီဇင်ဘာ ၂၀၂၃

၁၄:၄၇:၃၄
1422830

ပါလက်စတိုင်းကို ထောက်ခံဖို့ အာရပ်နိုင်ငံတွေက လက်တွေ့ကျတဲ့ ခြေလှမ်းတွေ လုပ်သင့်ပါတယ် / ကူဝိတ်လွတ်တော်အမတ်ဟောင်း

ပါရှန်ပင်လယ်ကွေ့လေ့လာရေးဌာန အကြီးအကဲက အာရပ်နိုင်ငံတွေက ဇီယွန်အစိုးရအပေါ် သူတို့ရဲ့ ရပ်တည် ချက်ကို ပြန်လည်သုံးသပ်ပြီး ပါလက်စတိုင်းအရေးကို ထောက်ခံဖို့ လက်တွေ့ကျတဲ့ အစီအမံတွေကို လုပ်ဆောင် စေချင်တယ်လို့ ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကူဝိတ်ပါလီမန်အဖွဲ့ဝင်ဟောင်းနှင့် ပါရှန်ပင်လယ်ကွေ့လေ့လာရေးစင်တာ၏ အကြီးအကဲဖြစ်သူ ဆွာလေဟ် အာရှု မှ  တီဟီရန် မြို့တော်  တွင် ယနေ့ကျင်းပပြုလုပ်သည့် ပါလက်စတိုင်းနိုင်ငံဆိုင်ရာ နိုင်ငံတကာညီလာခံတွင် Maher သတင်းအေဂျင်စီနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်မှာ - ပါလက်စတိုင်းတို့အပေါ် ရန်စမှုသည် အမေရိကန်၏ ဦးဆောင်မှုအောက်တွင် အနောက်နိုင်ငံများ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဤကျူးကျော်တိုက်ခိုက်မှုသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများနှင့် သဘော တူညီချက်များကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ဖြစ်ပါတယ်။

“ပါရှန်ပင်လယ်ကွေ့က အာရပ်နိုင်ငံတွေနဲ့ ယေဘုယျအားဖြင့် အာရပ်နိုင်ငံတွေနဲ့ ပတ်သက်ရင် ကျနော် တို့ဟာ အတိတ်ကလိုပဲ ပါလက်စတိုင်းအမှုကို ထောက်ခံအားပေးတဲ့ နေရာ မှာ ဆုတ်ခွာမှုကို ရှင်းရှင်းလင်းလင်း ကိုယ်တိုင် ကိုယ် ကျ မြင်တွေ့နေရတယ်လို့  ” ဟု ၎င်းက ပြောကြားခဲ့ပါတယ်။

ကံမကောင်းစွာပဲ၊ အချို့သောနိုင်ငံများသည် နယ်ချဲ့ အစ္စရေး အစိုးရနှင့် ဆက်ဆံရေးပုံမှန် ပြန်လည် ထူထောင်ရေး ဆီသို့ ဦးတည်သွားခဲ့ပြီး အချို့သောနိုင်ငံများသည်လည်း  အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေးသာ မဖြစ်ပေါ်လာပါက ဤလမ်းကြောင်းအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆွာလေဟ် အာရှု မှ   ပြောကြားခဲ့ပါတယ်။

ဆွာလေဟ် အာရှု မှ  ဆက်လက်ပြီး လက်ရှိ ပါလက်စတိုင်းမှာ ဖြစ်ပျက်နေတာတွေကို သုံးသပ်ပြီး နယ်ချဲ့ အစ္စရေး ဇီယွန်  အစိုးရအပေါ် သူတို့ရဲ့ ရပ်တည်ချက်ကို ပြန်လည်သုံးသပ်ဖို့ အာရပ်နိုင်ငံတွေကို တောင်းဆိုပြီး ပါလက်စတိုင်းနဲ့ ပါလက်စတိုင်းနိုင်ငံတို့ကို ပံ့ပိုးပေးပြီး နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်မှာ ၎င်း တို့၏ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လက်တွေ့ကျတဲ့ ခြေလှမ်းတွေကို  လှမ်းဖို့ လုပ်ဆောင်ဖို့ တောင်းဆို ခဲ့ပါတယ်။

****************************************************************

END / 251