အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၄ ဒီဇင်ဘာ ၂၀၂၃

၂၀:၁၂:၅၀
1423324

ခရစ္စမတ် အခါသမယ တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သို့

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ အာယာသွလ္လာဟ် ဆယက်ဒ် ရအီစီ ၏ သဝဏ်လွှာ

ဂါဇာကမ်းမြောင်ဒေသရှိ ဇီယွန်ဝါဒီတပ်ဖွဲ့များ ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများကို ချက်ခြင်းအဆုံးသတ်ရေးသည် ကမ္ဘာ့နိုင်ငံအားလုံး၏ တညီတညွတ်တည်း တောင်းဆိုချက်ဖြစ်ကြောင်း ခရစ်ယာန်ဘာသာဝင်များ၏ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ထံ သို့ ခရစ္စမတ် အခါသမယ တွင် ပေးပို့သည့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ အာယာသွလ္လာဟ် ဆယက်ဒ် ရအီစီ ၏ သဝဏ်လွှာ တွင် တင်ပြထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ ဖော်ပြချက်အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟီးမ် ရအီစီမှ ဟဇရသ်အီစာ (အ.စ)မွေးနေ့ (ခ) ခရစ္စမတ်ပွဲတော် အထိမ်းအမှတ် အဖြစ် ခရစ်ယာန်ဘာသာဝင်များ၏ ဘာသာရေးခေါင်းဆောင်အဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ထွသိူ့ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

အီရန် သမ္မတ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟီးမ် ရအီစီသည် ဟဇရသ် အီစာ (အ.စ) (ခ) သခင် ယေရှု ၏ မွေးနေ့နှင့် ခရစ်နှစ်၊ နှစ်သစ်ကူး ကို ရောက်ရှိလာသည့် အခါသမယ တွင် ခရစ်ယာန်အသိုင်းအဝိုင်းကို ဂုဏ်ပြု စကား ဆိုခဲ့ပါတယ်။

သခင်ယေရှုသည် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှု၏ ပရောဖက် (တမန်တော် ) ဖြစ်ပြီး ယေရှု ၏ ဘာသာတရားသည် ကရုဏာ၊ စိတ်ရှည်မှုနှင့် ဖိနှိပ်မှုကို ဆန့်ကျင်ဘက်ရပ်တည်ကာ ချို့တဲ့နွမ်းပါးသူများကို ကူညီပေးခြင်းဖြစ်သည်ဟုလည်း အီရန် သမ္မတ မှ ရေးသားထားပါတယ်။

ဆက်လက်ပြီး အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟီးမ် ရအီစီ မှ ဂါဇာကမ်းမြောင်ဒေသတွင် ဇီယွန်ဝါဒီများ၏ ရန်လိုမှုများကြောင့် ဝမ်းနည်းရကြောင်း ဖော်ပြပြီး အနောက်နိုင်ငံများ၏ လွမ်းမိုးမှုအောက်ရှိ နိုင်ငံတကာအဖွဲ့အစည်းများသည် ဇီယွန်အစ္စရေးအစိုးရ၏ ဂါဇာတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ရပ်တန့်ရန် မည်သည့်အရာမျှ မလုပ်ခဲ့ကြောင်း ရေးသားထားပါတယ်။

နှစ်သစ်ကူးမှာ ဇီယွန်ဝါဒီအစိုးရလက်ထဲမှာ အပြစ်မဲ့ ပါလက်စတိုင်းတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ရပ်တန့်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ချက်ချင်း အရေးယူပေးဖို့ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟီးမ် ရအီစီမှ ရေးသား တောင်းဆိုခဲ့ပါတယ်။

****************************************************************

END / 251