အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၄ ဒီဇင်ဘာ ၂၀၂၃

၂၀:၁၄:၄၀
1423327

အီရန်ရေတပ် ၏ ခေတ်မီကာကွယ်ရေးပစ္စည်း ကိရိယာများ ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့များ အကြီးအကဲ၏ ရှေ့မှောက်တွင် အီရန်ရေတပ်သည် ခေတ်မီ ကာကွယ်ရေးပစ္စည်းများကို ထုတ်ဖော်ပြသခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ အီရန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆယက်ဒ် အဗ်ဒိုရဟီးမ် မူစဝီ  သည် အီရန်ရေတပ် ၏ ခေတ်မီကာကွယ်ရေးပစ္စည်းကိရိယာများကို ထုတ်ဖော်ပြသသည့် အခမ်းအနားတွင် ပါဝင်ခဲ့ပါတယ်။

အသေးစိတ်အချက်အလက်များအရ၊ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်စနစ် သွလာအီယဟ် ၊ ခရုဇ်ဒုံးကျည်စနစ် နာဆေရ် ၊ ပထမဆုံး စစ်တိုက် ဟယ်လီ ကောပတာ ၊ ပထမဆုံး ထောက်လှမ်းရေး ဟယ်လီကောပတာ  ၊ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်စနစ်၊ ဖျက်သင်္ဘောနှင့် ဉာဏ်ရည်ထက်မြက်သော အပျက်အစီးဒရုန်း ဂျမာရာန် ၊ ဘက်စုံသုံးတိုက်လေယာဥ် ၊ ထောက်လှမ်းရေးဒရုန်းစနစ်၊ ရေငုပ်သမားနှင့် ရှာဖွေရေးစနစ်တို့ကို ယနေ့တွင် ထုတ်ဖော်ပြသခဲ့ပါတယ်။

ယနေ့ ထုတ်ဖော်ပြသခဲ့သော ကာကွယ်ရေးပစ္စည်းအချို့ကို အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ရေတပ်၏ တောင်ပိုင်းရေတပ်တွင် ထည့်သွင်းထားပါတယ်။

****************************************************************

END / 251