အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၅ ဒီဇင်ဘာ ၂၀၂၃

၂၀:၁၅:၃၃
1423673

ဇီယွန်ဝါဒီများသည် ဂျူးများမဟုတ်ပါ ၎င်းတို့သည် ရှိုင်တွာန် ဖြစ်ပြီး ကမ္ဘာကြီးကို လှည့်ဖြားခဲ့ကြသူများ ဖြစ်ပါတယ် / ဂျူးဘုန်းတော်ကြီး ယီစရာအီးလ်ဒေဗစ် ဝါက်စ်

နယူးယောက်မှ ဇီယွန်ဝါဒီ ဂျူးများ ဆန့်ကျင်ရေး သမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ ဂျူးဘုန်းတော်ကြီး ယီစရာအီးလ်ဒေဗစ် ဝါက်စ် မှ ပြောကြားရာတွင် - ကျွန်ုပ်တို့ ဂျူးအသိုင်းအဝိုင်းသည် ပါလက်စတိုင်းတို့နှင့်အတူ ဇီယွန်ဝါဒီများ၏ လုပ်ရပ်ကြောင့် ၇၅ နှစ်ကြာ ထိခိုက်နစ်နာခဲ့ရပြီး ဇီယွန်ဝါဒီကို ဂျူး ကိုယ်စားလှယ်အဖြစ် မယူဆသင့်ကြောင်း ဂျူးများသည် မွတ်စလင်မ်များ နှင့် အချင်းချင်း ပြဿနာမရှိဘူးဆိုတာ သိအောင် ကမ္ဘာကို ပြောပြသင့် ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂျူးဘုန်းတော်ကြီး ယီစရာအီးလ်ဒေဗစ် ဝါက်စ် မှ  ဤကာလအတွင်းနှင့် ဤ ၇၅ နှစ်တာကာလအတွင်း ၎င်းတို့သည် လှည့်စားခံရကြောင်း ကမ္ဘာက သိထားသင့်ပြီး ဂျူးများနှင့် ဂျူးဘာသာတရားတို့ကို ရောင်ပြန်ဟပ်ကာ အစ္စရေး၏ ဇီယွန်ဝါဒီအစိုးရ၏ ဇာတ်ကြောင်းသည် ကမ္ဘာကို လှည့်ဖြားစေခဲ့ကြောင်း မွတ်စလင်မ် များနှင့် ဂျူးများကြားတွင် ပဋိပက္ခဖြစ်သော်လည်း ယင်းတို့သည် အစ္စရေးအစိုးရ၏ လှည့်ဖြားမှု၏ ရလဒ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဇီယွန်များသည် သည် ယခုနှင့် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ပါလက်စတိုင်းများကို သောင်းနှင့်ချီသော ပါလက်စတိုင်းများကို သတ်ဖြတ်ခဲ့သည့် ပါလက်စတိုင်းများအပေါ် လက်ခံနိုင်ဖွယ်မရှိသော ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့ကြောင်း ဒီသတ်ဖြတ်မှုဟာ လွန်ခဲ့တဲ့ ၇၅ နှစ်က စဖြစ်ခဲ့ပြီး ဤကိစ္စ နှင့်  ကတ်သက်ပြီး အစ္စရေးအစိုးရ၏ ပြောဆိုချက်ကို ရပ်တန့်ရမှာဖြစ်ပြီး ၎င်းတို့၏ လိမ်ညာမှုကို ထင်ရှား စေရန် လိုကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေးအစိုးရသည် ဂျူးဘာသာကို အလွဲသုံးစားလုပ်သည့် နိုင်ငံရေးလှုပ်ရှားမှု ရာနှုန်းပြည့်ဖြစ်ပြီး ယင်း အခြေအနေဖြင့် ၎င်းတို့သည် အသက်ရှင် နေထိုင်ခွင့်မရှိကြောင်း ပြောကြားခဲ့ပါတယ်။

နယူးယောက်မှ ဇီယွန်ဝါဒီ ဂျူးများ ဆန့်ကျင်ရေး သမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ  ဂျူးဘုန်းတော်ကြီး ယီစရာအီးလ်ဒေဗစ် ဝါက်စ် မှ ထပ်လောင်း၍ ဇီယွန်ဝါဒီများသည် ဘာသာရေးအရ လုံးဝမဟုတ်၊ ၎င်းတို့သည် စာတန်   များ လူကြီးမင်းတို့ မွတ်စ်လင်မ်များခေါ်ဆိုသည့်  ရှိုင်တွာန် ဖြစ်ကြ ကြောင်း ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251