အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
ကြာသပတေးနေ့

၂၈ ဒီဇင်ဘာ ၂၀၂၃

၁၃:၂၁:၅၉
1424491

မှားယွင်းသော စစ်နည်းဗျူဟာကို ကျင့်သုံးမိ ကြောင်း အစ္စရေးစစ်တပ်အရာရှိများက ဝန်ခံ

ဂါဇာစစ်ပွဲတွင် အစ္စရေးစစ်တပ်အရာရှိများသည် မှားယွင်းသောနည်းဗျူဟာများကို ကျင့်သုံးခဲ့ကြောင်း ဇီယွန်ဝါဒီမီဒီယာများက ဖော်ပြထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ အထောက်အထားများအရ ဇီယွန်နစ်သတင်းစာ ယီအူသ်အဟာရ်နို့သ် မှ  ဟစ်ဇ်ဘွလ္လာဟ် နှင့် ဇီယွန်အစိုးရကြား စစ်ပွဲကြီးဖြစ်နိုင်ခြေကို ဖော်ပြခဲ့ပြီး ဂါဇာစစ်ပွဲတွင် စစ်တပ်က မှားယွင်းကြောင်း ၀န်ခံချက်ကို ထောက်ပြထားပါတယ်။

ယီအူသ်အဟာရ်နို့သ် ဇီယွန်နစ်သတင်းစာ မှ ဇီယွန်အစိုးရ၏ စစ်ရေးကွပ်ကဲ သူများ မှ နိုင်ငံတော် အာဏာပိုင်များ ကို ၀၂၄ ခုနှစ်သည် စစ်ဖြစ်မည့်နှစ်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်ဟုဖော်ပြထားပါတယ်။

ဇီယွန်စစ်တပ်၏ စစ်ဦးစီးချုပ် ဟရ်သဇီဟာလီယို မှ အကြမ်းဖက်အဖွဲ့ကို ချေမှုန်းရန် မှော်ပညာမရှိဟု ဆိုကာ တိုက်ပွဲသည် ပြင်းထန်ပြီး ပြတ်ပြတ်သားသားဖြစ်ကြောင်း ဟားမတ်စ် ခေါင်းဆောင်များကို ဖမ်း ချုပ်နိုင် တစ်ပတ်ကြာရင်ကြာမည် သို့မဟုတ် လပေါင်းများစွာ ကြာရင် ကြာ မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဤဇီယွန်နစ်သတင်းစာ၏ အစီရင်ခံစာအရ အစ္စရေးတွင် စစ်ပွဲဆက်လက်ဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ ဝေဖန်မှုများ ရှိနေ ပါတယ်။

****************************************************************

END / 251