အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၃၀ ဒီဇင်ဘာ ၂၀၂၃

၂၀:၁၁:၁၁
1425231

အီရန် တွင် နယ်ချဲ့ အစ္စရေး ထောက်လှမ်းရေး အဖွဲ့ မော့ဆက် ၏ အေးဂျင့် ၄ ဦးအား ကြိုးမိန့်ပေး

နယ်ချဲ့ စစ်သွေးကြွ အစ္စရေး၏ နာမည်ဆိုးဖြင့်ကျော်ကြားသော ထောက်လှမ်းရေးအေဂျင်စီ မော့ဆက် နှင့် ဆက်နွယ်နေသည့် အေးဂျင့်လေးဦးအား တရားရေးဆိုင်ရာနှင့် တရားစီရင်ရေးလုပ်ငန်းစဉ်များ အပြည့် အ၀ လုပ်ဆောင်ပြီးနောက် သောကြာနေ့ နံနက် အစောပိုင်းတွင် ကြိူးပေး ကွပ်မျက် ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ အစီရင်ခံစာအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုငငံ ရှိ စစ်သွေးကြွ နယ်ချဲ့ အစ္စရေး ထောက်လှမ်းရေးဌာန မော့ဆက်  နှင့် ဆက်နွယ် သည့် အေးဂျင့်(ကိုယ်စားလှယ်)  ၄ ဦးအား တရားရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ပြီးနောက်  ဒီဇင်ဘာ လ ၂၉ ရက် နေ့ သောကြာနေ့ အစောပိုင်းတွင် ကြိူးပေး ကွပ်မျက် ခဲ့ကြောင်း သိရပါတယ်။

အီရန်နိုင်ငံ အနောက်မြောက်ပိုင်း အဇာဘိုင်ဂျန်ပြည်နယ် တရားရေးဌာန အကြီးအကဲက အစ္စရေးအစိုးရနှင့် ဆက်နွယ်သည့် အေးဂျင့် ၁၀ ဦးကို ဖမ်းဆီးထားကြောင်း အောက်တိုဘာ ၂၄ ရက်က ကြေညာခဲ့ပါတယ် ။၎င်း အေးဂျင့် ၁၀ များ၏ အဓိက ရည်ရွယ်ချက်မှာ  စစ်သွေးကြွ နယ်ချဲ့ အစ္စရေး အစိုးရကို ဆန့်ကျင်သည့် အီရန် လုံခြုံရေး တပ်ဖွဲ့များကို ဖော်ထုတ်ရန် ဖြစ်ပါတယ်။ အစ္စရေး အေးဂျင့်များသည် အီရန် လုံခြုံရေး တပ်ဖွဲ့များကို ပြန်ပေးဆွဲကာ ၎င်းတို့ထံမှ သတင်းအချက်အလက်များကို ခြိမ်းခြောက်ပြီး ထုတ်ယူရန် ကြိုးပမ်းခဲ့ပါတယ်။

အဖမ်းခံရသည့် အေးဂျင့်များသည် အီရန်လုံခြုံရေးအရာရှိများ၏ နေအိမ်များနှင့် ယာဉ်များကို မီးတင်ရှို့ခြင်း အပါအဝင် ၎င်းတို့၏ မစ်ရှင်များ အတွက် အစ္စရေးထောက်လှမ်းရေး အေဂျင်စီ မော့ဆက် အရာရှိများထံမှ ငွေများ အကြိမ်ကြိမ်ရရှိခဲ့ကြပါတယ်။ အီရန်လုံခြုံရေးအရာရှိတစ်ဦးကိုလည်း သတ်ပစ်ရန် ကြိုးစားသော်လည်း မအောင် မြင်ခဲ့ ကြောင်း သိရှိရပါတယ်။

စစ်သွေးကြွ နယ်ချဲ့  အစ္စရေး ၏ ထောက်လှမ်းရေး အဖွဲ့ မော့ဆက် ၏ အေးဂျင့်များသည် အီရန်နိုင်ငံ ဟော်မုဇ်ဂန်ပြည်နယ်၊ အနောက်အဇာဘိုင်ဂျန်နှင့် တီဟီရန်တို့တွင် လှုပ်ရှားနေကြသူများ ဖြစ်ပြီး ၎င်းတို့အား အီရန် လုံခြုံ အဖွဲ့များ မှ  ဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251