အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၅ ဇန်နဝါရီ ၂၀၂၄

၀၇:၃၈:၃၇
1426829

ကေရ်မန် ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အီရန် အမျိုးသား လုံခြုံရေး ကောင်စီ ၏ အထူး အစည်းဝေးတစ်ခု ကျင်းပခဲ့

ဇန်နဝါရီလ ၃ရက်နေ့ က ကေရ်မန် တွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အီရန် အမျိုးသား လုံခြုံရေး ကောင်စီ၏ အထူးအစည်းအဝေးကို ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏အဆိုအရ အီရန်အမျိုးသားလုံခြုံရေးကောင်စီ၏ အမြင့်ဆုံးအစည်းအဝေးကို ဇန်နဝါရီလ ၄ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ရှဟီးဒ်(အာဇာနည်) ဗိုလ်ချုပ်ကြီး ကာစင်မ် စိုလိုင်းမန်နီ ၏  လေးနှစ်မြောက်နှစ်ပတ်လည်နေ့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်ရပ်အပြီးတွင် တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူမှုများ အရှိန်မြှင့်ရန် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။

အစီရင်ခံစာအရ ထောက်လှမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအေဂျင်စီများ၏ ရည်မှန်းချက် အစီအ မံများအတွက် အဓိပတိအမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးတွင် အစီရင်ခံစာကို ပြန်လည်သုံးသပ် ပြီးနောက် အောက်ဖော်ပြ အတိုင်း ဆုံးဖြတ်ခဲ့ပါတယ်။

(၁) ထောက်လှမ်းရေးအေဂျင်စီများသည် ဤအကြမ်းဖက်ကွန်ရက်ကို ခြေရာခံပြီး ကြေးစား ရာဇ၀တ်ကောင်များ ကို ဖော်ထုတ်ရန် ဖြစ်ပါတယ်။

(၂) ကမ္ဘာတဝှမ်းရှိ အပြစ်မဲ့နှင့် အပြစ်မဲ့သူများကို ပစ်မှတ်ထားတိုက်ခိုက်ရာတွင် အကြမ်းဖက်သမားများကို အမြဲထောက်ခံအားပေးနေသော အကျင့်ပျက်စိတ် များ၏ မှန်ကန်သောအထောက်အထားကို အစီရင်ခံတင်ပြရန် ဖြစ်ပါတယ်။

(၃) သက်ဆိုင်ရာအဖွဲ့အစည်းများသည် အကြမ်းဖက်မှုကို တားဆီးကာကွယ်ရန်နှင့် ပြစ်မှုကျူးလွန်သူများအား ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းရန်နှင့် ဤမှုခင်း ကျူးလွန်သူများအား နှင့် ၎င်းတို့၏စည်းရုံးရေးမှူးများအား တရားမျှတမှုရရှိစေရန် ချက်ခြင်းအရေးယူဆောင်ရွက် ဖြစ်ပါတယ်။

****************************************************************

END / 251