အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၅ ဇန်နဝါရီ ၂၀၂၄

၀၇:၄၀:၂၅
1426830

အီရန် နိုင်ငံ ကေရ်မန် တွင် အကြမ်းဖက် ဗုံးခွဲမှုများ အား မိမိ တို့ အဖွဲ့ မှ ပြုလုပ်တာ ဖြစ်ကြောင်း အိုက်အက်စ် အိုက်အက်စ် ( ISIS ) ဝင်ခံ ပြောကြား

ကေရ်မန် ၏ ဂိုလ်ဇာရေ ရှိုဟာဒါ သွားတဲ့လမ်းမှာ ကြီးမားတဲ့ အကြမ်းဖက် ပေါက်ကွဲ မှုအား မိမိ တို့ အဖွဲ့ မှ ပြုလုပ်တာ ဖြစ်ကြောင်း အိုက်အက်စ် အိုက်အက်စ် ( ISIS ) ဝင်ခံ ပြောကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Saharnews ၏ သတင်း အထာက်အထားများ အရ ISIS အကြမ်းဖက်အဖွဲ့သည် အီရန်နိုင်ငံတောင်ပိုင်း ကေရ်မန်  ၏ ဂိုလ်ဇာရေ ရှိုဟာဒါ တွင် အကြမ်းဖက် ဖောက်ခွဲမှုများအတွက် တာဝန်ယူကြောင်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။

အဆိုပါ အကြမ်းဖက် ဗုံးခွဲမှုသည် ကာမန်၏ ကေရ်မန် ရှိ ဂိုလ်ဇာရေ ရှိုဟာဒါ သင်္ချိုင်း   တွင် ရှဟီးဒ် (အာဇာနည်) ဗိုလ်ချုပ်ကြီး ကာစင်မ် စိုလိုင်းမန်နီ  ၏ အုတ်ဂူသို့ သွားရာလမ်း တွင် ဗိုလ်ချုပ်ကြီး ၏ ရှဟီးဒ် ဖြစ်ခြင်း လေးနှစ်မြောက် အောက်မေ့ဖွယ် အချိန် အခါ တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ Quds Force (ဂျေရုဆလင်တပ်) ၏ တပ်မှူး ၊ ဗိုလ်ချုပ်ကြီး ရှဟီးဒ် ကာစင်မ် စိုလိုင်းမန်နီ ၏ လေးနှစ်မြောက် ရှဟီးဒ် ဖြစ်ခြင်း အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် ဇေယာရသ် ပြု လာကြသူများ ကြားတွင် အကြမ်းဖက် ဖောက်ခွဲမှု နှစ်ခု ဖြစ်ပွားခဲ့ပါတယ်။  အဆိုပါ အကြမ်းဖက် ဗုံးခွဲမှုတွင် လူ ၈၄ ဦး သေဆုံးပြီး ၂၈၈ ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251