အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၇ ဇန်နဝါရီ ၂၀၂၄

၁၈:၅၁:၄၂
1427521

အစ္စရေးသည် မိမိ ၏ သူရဲဘောကြောင်မှု နှင့် ရှုံးနိမ့်မှု ကို ဖျောက်ဖျက်ရန် လုပ်ကြံမှု ကို ပြုလုပ် ၍ ကြိုးစား နေပါတယ် / ဗိုလ်ချုပ်ကြီး ကာအာနီ

အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့် တပ် ၏ ကွဒ်စ်တပ် (ဂျေရုဆလင်တပ်) ၏ တပ်မှူး ၊ မှ ဗိုလ်ချုပ် ကြီး ကာအာနီ မှ အစ္စရေးအစိုးရသည် တော်လှန်ရေးခေါင်းဆောင်များကို သတ်ဖြတ်ခြင်းဖြင့် ၎င်း၏ ရှုံးနိမ့်မှုကို ဖုံးကွယ်ရန် ကြိုးစားနေသည်ဟု ပြောကြားခဲ့ပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ အစီရင်ခံစာအရ ဗိုလ်ချုပ်ကြီး အီစ္စမာအီ ကာအာနီ မှ  ဟားမတ်စ် နိုင်ငံရေးဗျူရို အကြီးအကဲ အီစ္စမာအီ ဟနီယေဟ် ထံ ပေးပို့သော စာတွင် အစ္စရေး အစိုးရ၏ လုပ်ကြံ သတ်ဖြတ်ချက် ကြောင့် ရှဟီးဒ် ဖြစ်သွားသည့်  ဟားမတ်စ် အကြီးတန်း အရာရှိ ဆွာလေဟ် အလ်အာရဝရီ အား သေဆုံးမှု အတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး ရန်သူ ဇီယွန်ဝါဒီများသည် ဂါဇာကမ်းမြောင် နှင့် အနောက်ဘက်ကမ်းတွင် ၎င်း၏ ရှက်ဖွယ်ရှုံးနိမ့်မှုကို ဖုံးကွယ်ထားလိုသည့် အတွက်ကြောင့် ခုခံတော်လှန်ရေး ခေါင်းဆောင်များကို လုပ်ကြံ သတ်ဖြတ်ခြင်းနေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်၊

ဟားမတ်စ် အကြီးတန်း အရာရှိ ဆွာလေဟ် အလ်အာရဝရီသည် လက်ဘနွန် နိုင်ငံ ဘေရွတ်မြို့ တောင်ဘက် ဆင်ခြေဖုံးရှိ ဒါဟီယာတွင် အစ္စရေး ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အင်္ဂါနေ့တွင် ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်ဟားမတ်စ် အကြီးတန်း အရာရှိ ဆွာလေဟ် အလ်အာရဝရီသည် ဟားမတ်စ်၏ နိုင်ငံရေးဗျူရိုတွင် ထိပ်တန်းအရာရှိ တစ်ဦးအဖြစ် စစ်ဘက်ရေးရာများတွင် နက်ရှိုင်းစွာ ပါဝင်ပတ်သက်မှုကြောင့် လူသိများပါတယ်။

၎င်းသည် ယခင်က နယ်ချဲ့ အစ္စရေး တို့ မတရား သိမ်းပိုက်ထားသည့်  အနောက်ဘက်ကမ်းတွင် ဟားမတ်စ်အဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

****************************************************************

END / 251