အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၇ ဇန်နဝါရီ ၂၀၂၄

၁၉:၂၇:၀၇
1427552

ကေရ်မန် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ အကြမ်းဖက် အဖွဲ့တစ်ဖွဲ့လုံးကို ဖမ်းမိ

ကေရ်မန် အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်တဲ့ ရာဇ၀တ်မှု ကျူးလွန်သူအားလုံးကို ဖမ်းဆီး ထားပြီး ဖြစ်ကြောင်း အီရန်နိုင်ငံ ကေရ်မန် ပြည်နယ် အစိုးရရှေ့နေက ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဲဟ်ဒီဘခ်ရှီး မှ စနေနေ့ ညနေပိုင်းတွင် ကေရ်မန် ပြည်နယ် ကွန်ရက် ၏ အထူးသတင်း အင်တာဗျူးတစ်ခုတွင် ရှဟီးဒ် (အာဇာနည်) ဗိုလ်ချုပ်ကြီး ကာစင်မ် စိုလိုင်းမန်နီ  ၏ လေးနှစ်မြောက် အာဇာနည်နေ့ မတိုင်မီ လုံခြုံရေး စစ်ဆင်ရေးများနှင့် ပတ်သက်၍ ကေရ်မန်  ပြည်နယ်တွင် ဗုံး ၁၆ လုံး ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ၎င်းမှ ဗုံး ၁၆ လုံး အသေခံအင်္ကျီ များ နှင့် တွဲထား ကြောင်း အလ္လာဟ် ဟို အရှင်မြတ် ၏ ကျေးဇူးတော် နှင့် အေမာမ် ဇမာန်း (အ.ဂျ) ၏ အမည် မဖော်လိုသည့် တပ်သားများကြောင့် ထိုဗုံးများ မကွဲအောင် ပြုနိုင်ခဲ့ကြောင်း ယခုနှစ်သည် အထူးအခြေအနေတစ်ခုဖြစ်ပြီး ဇီယွန်ဝါဒီအစိုးရ၏ အရှက်ရစေမည့် အစ္စရေးနှင့် အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး တို့ကို ရှုံးနိမ့်ပြီးနောက် ဇီယွန်ဝါဒီအစိုးရ၏ အကြမ်းဖက်လုပ်ရပ်များသည်  ခြိမ်းခြောက်လာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

မဲဟ်ဒီဘခ်ရှီးမှဆက်လက်ပြီး ၎င်းတို့သည် ရှဟီးဒ် (အာဇာနည်) ဗိုလ်ချုပ်ကြီး ကာစင်မ် စိုလိုင်းမန်နီ   ၏ ဗိမာန် နှင့် ဇေယာရသ် ပြု လာသူများ ကို လက်စားချေဖို့  ကြိုးစား နေပြီး ဤ အဖွဲ့ဟာ  အကြမ်းဖက်မှုကို ပြုလုပ်ဖို့ ကြိုးပမ်းနေသည့် အဖွဲ့ ဖြစ်ကြောင်း ပထမ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားချိန် မှာ ပေါက်ကွဲမှု ဖြစ်ပွား ရာ နေရာ အနီး မှာ ရှိနေ ကြောင်း ဒုတိယ ဖြစ်ရပ် လည်း ဖြစ်ပွား ခဲ့ပြီး ကျွန်တော်တို့ လည်း အဲဒီ နေရာမှာ ရှိနေ ကြောင်း ပြောကြားခဲ့ပါတယ်။

မကြာသေးမီလများအတွင်း အသေခံတိုက်ခိုက်မှုများအတွက် အဆင်သင့်ဖြစ်နေသော ဒါအေရှ် ( အိုက်အက်စ် အိုက်အက်စ် ) အဖွဲ့ဝင် ၂၃ ဦးကို ကေရ်မန် ပြည်နယ်တွင် ဖမ်းဆီးခဲ့ပြီး နှစ်ပတ်လည်နေ့တွင်ပင် လုံခြုံရေး အစီအစဉ်များ တင်းကြပ်ထားခြင်းကြောင့် ဂိုလ်ဇာရေ ရှိုဟာဒါ သင်္ချိုင်း   တွင် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မဲဟ်ဒီဘခ်ရှီး မှ  အကြမ်းဖက်သမားများ၏ အသေခံ ဗုံးခွဲရန် ဗုံးတပ်ထားသည့် အင်္ကျီများ ပြုလုပ်သည့် နေရာ ဖြစ်သည့် ကေရ်မန် ဆင်ခြေဖုံး တွင် အချိန် အနည်းဆုံး တွင် တွေ့အောင် ရှာနိုင်ခဲ့ကြောင်း အကြောင်းမှာ အကြမ်းဖက် သမားများသည် နောက်နေ့နံနက်တွင် ကေရ်မန် အကြမ်းဖက် မှုတွင် ရှဟီးဒ် ဖြစ်သူများ၏ စျာပန အစီအစဥ် တွင်လည်း အသေခံ ဗုံးခွဲရန် ဗုံးတပ်ထားသည့် အင်္ကျီများကို အသုံးပြုကာ အကြမ်းဖက်တိုက်ခိုက်မှုကို ထပ်မံပြုလုပ်ရန် အကြမ်းဖက် မှုနောက် တစ်ခုကို  စီစဉ်ကြောင်း သို့သော်  မအောင်မြင်ခံကြောင်း အသေခံ ဗုံးခွဲသူများနှင့် ပတ်သက်၍ ထောက်လှမ်းရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အား ကိုးကား၍ နှစ်ပတ်လည် အခမ်းအနားတွင် အသေခံ ဗုံးခွဲသူ တစ်ဦးမှာ တာဂျစ်ကစ္စတန် နိုင်ငံမှ ဖြစ်ပြီး ကျန်များကို ဖော်ထုတ်ရန် စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251