အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၀ ဇန်နဝါရီ ၂၀၂၄

၁၇:၁၅:၁၃
1428281

အစ္စရေး၏ စီးပွားရေးသည် အကြီးအကျယ် ဆုံးရှုံး ပြီး နှစ် ၂၀ နောက်ပြန်ရောက်

စစ်ပွဲက အစ္စရေးကို အနှစ် ၂၀ လောက် နောက် ပြန်ယူ သွား ကြောင်း ဇီယွန်နစ် ဘောဂဗေဒပညာရှင်များ က ပြောဆိုပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar Newsသတင်း အထောက်အထားများ အရ ဇီယွန်အစိုးရ၏ အကြီးတန်းဘောဂဗေဒပညာရှင်တို့က အစ္စရေးတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြားသားများ၏ တွန့်ဆုတ်မှုကို ဟေဗြဲတက္ကသိုလ် အလ်ကွတ်ဒ်စ် တွင် ပြုလုပ်ခဲ့ပြီး အစိုးရ၏ စားဝတ်နေရေးသည် စစ်စရိတ်ရိပ်တွင် အနှစ် ၂၀ ဆုတ်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

Fars News ၏ အဆိုအရ ကျွန်ုပ်တို့သည် တစ်လထက်တစ်လ အံ့အားသင့်စရာများ ပိုများလာနေကြောင်း၊ ကျွန်ုပ်တို့သည် စစ်ပွဲအတွက် ဒေါ်လာ ၅၄ ဘီလီယံဖြစ်သည့် ကျပ် ၂၀၀ ဘီလီယံနီးပါး ကုန်ကျမည်ဟုပင် မထင်ထားခဲ့ကြောင်း  အခု လည်း လမ်းမှာရှိနေတုန်းပဲ ဖြစ်ကြောင်း ဖြစ်ပါတယ်။

အစ္စရေးအဖွဲ့အစည်းများ၏ အမြင် နှင့် အခြား သူများ  အမြင် အကြား ခြားနားချက် မှာ မိုးနှင့် မြေ လောက် ကွာ ခြား နေပါတယ်။

စီနီယာဇီယွန်ဝါဒီစီးပွားရေးပညာရှင် Renat Ashkenazi က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏အမြင်တွင် ကျွန်ုပ်  တို့မြင်နေရ သည်မှာ ကျွန်ုပ်တို့ထင်သည်ထက် များစွာဆိုးရွားသောအခြေအနေတွင် ရှိနေသည်ဟု ဆိုပါတယ်။

ဇီယွန်ဝါဒီ ဘောဂဗေဒပညာရှင်များသည် စစ်ပြီးခေတ် ဂါဇာကမ်းမြောင်အတွက် ရွေးချယ်မှုများကို အကဲဖြတ် နေပြီး လက်ရှိညွှန်ပြချက်များအရ အစ္စရေး၏ စီးပွားရေးအကျပ်အတည်းသည် ယာယီမဟုတ်သော် လည်း ရေရှည်ဖြစ်ကြောင်း ကောက်ချက်ချထားပါတယ်။

****************************************************************

END / 251