အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၄ ဇန်နဝါရီ ၂၀၂၄

၁၅:၅၀:၄၇
1429341

ဟိုင်ဖာ ရေနံချက်စက်ရုံအနီး ပေါက်ကွဲမှု ဖြစ်ပွား + ဗီဒီယို

ဇီယွန်နစ်မီဒီယာများက ဟိုင်ဖာ ရေနံချက်စက်ရုံ အနီးရှိ တွင် ကျယ်လောင်သည့် ပေါက်ကွဲသံကို ကြားလိုက် ရကြောင်း တင်ပြထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နယ်ချဲ့ အစ္စရေးမီဒီယာမှ  ယနေ့နံနက် (တနင်္ဂနွေနေ့) ဟိုင်ဖာပင်လယ်အော်တွင် ကျယ်လောင်သော ပေါက်ကွဲသံ ကြားရကြောင်း ဖော်ပြခဲ့ပါတယ်။

ဟိုင်ဖာ ရေနံ သန့်စင်စက်ရုံ(ခ) ရေနံချက် စက်ရုံ အနီးမှာ ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ကြောင်း  ထို ပေါက်ကွဲမှုကြီး၏ ဓာတ်ပုံတွေကို နယ်ချဲ့ အစ္စရေးသတင်းရင်းမြစ်တွေက ထုတ်ပြန်ခဲ့ပြီး အကြောင်းရင်းကို စုံစမ်းစစ်ဆေး နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဟိုင်ဖာပင်လယ်အော်မှာ ဖြစ်ပျက်ခဲ့တာဟာ ရေနံ စက်ရုံတစ်ခု၏ polyethylene များ၏  ချို့ယွင်းချက်ကြောင့် ဖြစ်ကြောင်း နယ်ချဲ့ အစ္စရေး သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

နယ်ချဲ့ အစ္စရေးသတင်းရင်းမြစ်များက အဆိုပါ ပေါက်ကွဲမှုအပြီးတွင် လိုအပ်သည့် ပြုပြင်မှုများ လုပ်ဆောင်ရန် အတွင် ရေနံချက် စက်ရုံ အား လုံးဝပိတ်ပစ်ခဲ့ကြောင်း ဆိုထားပါတယ်။

အစ္စရေးမီဒီယာများမှ အဆိုပါ ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏနှင့် အသေအပျောက် ပမာဏများ အကြောင်း အသေးစိတ်ကို ထုတ်ပြန်ထားခြင်း မပြုထားကြောင်း သိရှိရပါတယ်။

****************************************************************

END / 251