အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၄ ဇန်နဝါရီ ၂၀၂၄

၁၈:၅၁:၅၈
1429372

တဲလ်အဗစ်မြို့ တွင် အစ္စရေး အကျဉ်းသားများ၏ မိသားစုများ က နေတန်ယာဟု အား ဆန့်ကျင် ဆန္ဒပြခဲ့ကြ

အစ္စရေး အကျဉ်းသားများ၏ မိသားစုများ သည် ဂါဇာရှိ စစ်ပွဲကို ဆန့်ကျင် ကြောင်း နှင့် ၎င်းတို့၏ ဆွေမျိုး သားချင်းများ လွတ်မြောက်ရေး အတွက် တဲလ်အဗစ်မြို့ တွင် ဆန္ဒပြ သပိတ်မှောက်ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Saharnews သတင်း အထောက်အထားများ အရ မနေ့ညက တဲလ်အဗစ်မြို့မှာ အစ္စရေး အကျဉ်းသား မိသားစုတွေ အများအပြား စုရုံးပြီး အကျဉ်းသားတွေ လွှတ်ပေးဖို့ နှင့် နေတန်ယာဟုရဲ့ အစိုးရအဖွဲ့ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

နေတန်ယာဟုနှင့် ၎င်း၏ အစိုးရအဖွဲ့ဝင်များသည် ရွေးကောက်ပွဲများ စောစီးစွာ ကျင်းပနိုင်ရန် နုတ်ထွက် သင့်သည်ဟု ဆန္ဒပြသူများက ပြောကြားခဲ့ပါတယ်။ အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစ္စရေး ဆန္ဒပြသူများသည် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်လိုကြကြောင်း သိရှိရပါတယ်။

တဲလ်အဗစ်မြို့တွင် လုံခြုံရေးတင်းကျပ်ထားသော်လည်း ဆန္ဒပြသူများသည် တဲလ်အဗစ်၏ အဓိကလမ်းများကို ပိတ်ဆို့ထားခဲ့ကြပါတယ်။

ထောင်နဲ့ချီတဲ့ ဇီယွန်ဝါဒီတွေက ဝန်ကြီးချုပ်ကို ဆန့်ကျင်ပြီး ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဇီယွန်ဝါဒီ သတင်းရင်းမြစ်များက တဲလ်အဗစ်နှင့် အယာလွန်လမ်းတို့တွင် ဆန္ဒပြမှုများကို အစီရင်ခံခဲ့ပါတယ်။

ဆန္ဒပြသူများသည် အကျဉ်းသားများ ချက်ချင်းလဲလှယ်ရေးနှင့် ဇီယွန်ဝါဒီအကျဉ်းသားများ လွှတ်ပေးရေး ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ သိမ်းပိုက်ထားတဲ့ ဟိုင်ဖာမြို့မှာ ဆန္ဒပြမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ဟိုင်ဖာမှာ ဆန္ဒပြသူ တွေက နေတန်ယာဟုကို ဖြုတ်ချပြီး ရွေးကောက်ပွဲ အမြန်ကျင်းပဖို့ တောင်းဆိုခဲ့ကြပါတယ်။

****************************************************************

END / 251