အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Irrawaddy
တနင်္လာနေ့

၁၅ ဇန်နဝါရီ ၂၀၂၄

၁၈:၅၃:၄၀
1429681

အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးကို AA ဖမ်းမိ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ဆင်ရေးဝင်နေသည့် စစ်ကောင်စီ တိုက်ခိုက်ရေးတပ်မတခု ဖြစ်သော မွန်ပြည်နယ်၊ ရေးမြို့ အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေအား ရက္ခိုင်တပ်တော် (AA) က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီ၏ တောင်ရှည်တောင် ဗျူဟာကုန်းကို AA သိမ်းပိုက်ပြီးနောက် တွေ့ရပုံ ( ဓာတ်ပုံ )

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ဆင်ရေးဝင်နေသည့် စစ်ကောင်စီ တိုက်ခိုက်ရေးတပ်မတခု ဖြစ်သော မွန်ပြည်နယ်၊ ရေးမြို့ အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေအား ရက္ခိုင်တပ်တော် (AA) က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၁၁ ရက်ညပိုင်းတွင် ပလက်ဝမြို့၌ စစ်ဆင်ရေးဝင်ရောက်နေသော အမှတ် ၁၉ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၏ ရှေ့တန်းစခန်းအား AA က ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဗိုလ်မှူးချုပ်ဇင်မျိုးဆွေမှာ ထွက်ပြေးသွားခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဧရာဝတီ သတင်းရင်းမြစ်များက ဆိုသည်။

****************************************************************
END / 251