အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၈ ဇန်နဝါရီ ၂၀၂၄

၁၃:၂၂:၀၂
1430402

အမေရိကန် နှင့် ဗြိတိန်တို့မှ နောက်တကြိမ် ယီမင်၏ နေရာအနှံ့ အပြားကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ + ဗီဒီယို

အမေရိကန် နှင့် ဗြိတိန်တို့သည် ယီမင်၏ နေရာ အသီးသီး ကို လေကြောင်းဖြင့် နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ယီမင်ရှိ သတင်းရင်းမြစ်များက ကြေညာထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်း အထောက်အထားများ အရ ယီမင်ရှိ သတင်းရင်းမြစ်များ၏ အဆိုအရ အမေရိကန်နှင့် ဗြိတိန်တို့သည် အလ်ဟဒီးဒဟ်၊ ဆအ်ဒဟ် ၊သအ်ဇ် ၊ ဇမါရ်နှင့်အလ်ဘိုက်ဇွာ အပါအဝင် ယီမင်ပြည်နယ်များရှိ ဒေသ အသီးသီးကို တစ်ဖန်ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှု ကို ပြုခဲ့ကြောင်း ဖြစ်ပါတယ်၊

ယီမင်နိုင်ငံမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် ကိုကိုးကား၍ Sabrin News မှ ယီမင်အား အမေရိကန်နှင့် ဗြိတိန်တို့က ဆက်တိုက် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ သဘောတူညီချက်အရ အမေရိကန် နှင့် ဗြိတိန်တို့ဟာ ယီမင်ကို ဆက်တိုက် တိုက်ခိုက်မှုတွေ စတင်ခဲ့ ခြင်း ဖြစ်ပါတယ်။

 

ဤ လေကြောင်းတိုက်ခိုက် မှုသည် ဂါဇာကမ်းမြောင်ဒေသရှိ ဖိနှိပ်ခံများနှင့် ခိုကိုးရာမဲ့ ပြည်သူများကို ပံ့ပိုးကူညီမှုဖြင့် ယီမင်လက်နက်ကိုင်တပ်ဖွဲ့များက ပင်လယ်နီ နှင့် ဗါဗ်ဗိုလ်မန်ဒါဗ်တွင် သိမ်းပိုက်ခံ ပါလက်စတိုင်း တို့ သွားသည့် နယ်ချဲ့ တို့၏ သင်္ဘောများကို ပစ်မှတ်ထား၍ တိုက်ခိုက်မှု ကို အကြောင်းပြ၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ဖိနှိပ်ခံပြည်သူတွေအပေါ် ဇီယွန်ဝါဒီတွေရဲ့ ရန်စမှုတွေ မရပ်တန့်မချင်း ပင်လယ်နီမှာ ရှိတဲ့ ဇီယွန်နစ်သင်္ဘောတွေကို ပစ်မှတ်ထားပြီး ပါလက်စတိုင်းကို သိမ်းပိုက်သွားမယ့် သင်္ဘော တွေကို ဆက်လက်ပစ်မှတ်ထားမယ်လို့ ယီမင်စစ်တပ်က ရှင်းရှင်းလင်းလင်း ကြေညာထားပါတယ်။

****************************************************************

END / 251