အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၈ ဇန်နဝါရီ ၂၀၂၄

၁၃:၂၅:၃၂
1430403

အီရန်နိုင်ငံခြားရေးဝန်ကြီး၊ ဆော်ဒီ နှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န)သည် ဆွစ်ဇာလန် နိုင်ငံ တွင်ကျင်းပသည့် Davos ၂၀၂၄ ထိပ်သီးအစည်းအဝေးအချိန်အခါ တွင် ဆော်ဒီ နှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးများ နှင့် တွေ့ဆုံခဲ့ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ အစီရင်ခံစာအရ ဗုဒ္ဓဟူးနေ့က ဆွစ်ဇာလန်နိုင်ငံ တွင်ကျင်းပ သည့် ထိပ်သီးအစည်းအဝေး Davos  ၂၀၂၄ ၌  အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န)သည် မိမိ နှင့် ရာထူးတူ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဇဲလ်ဘင်န် ဖရ်ဟာန် အလ်ဆအူဒ် နှင့် အတူ တွေ့ဆုံစဉ်အတွင်း ဂါဇာစစ်ပွဲအပါအဝင် ဒေသတွင်းကိစ္စရပ်များအပြင်  တီဟီရန်နှင့် ရီယာ့ဒ်တို့အကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါ တယ်။

Davos စီးပွားရေးဖိုရမ်၏ အခမ်းအနားတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးသည် မိမိနှင့် ရာထူးတူ  ဗြိတိန်နိုင်ငံခြား ရေးဝန်ကြီး ဒေးဗစ်ကင်မရွန်း  နှင့်လည်း နှစ်နိုင်ငံနှင့် ဒေသတွင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါ တယ်။

နောက်ပိုင်းတွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န)သည် အာမေးနီးယားသမ္မတ Vagan Khachaturian၊ နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251