အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၀ ဇန်နဝါရီ ၂၀၂၄

၂၀:၂၉:၅၅
1430997

အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ ကြေငြာချက်အရ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ မှ စစ်ဘက်အကြံပေး ၄ ဦး ၏ ရှဟီးဒ် ဖြစ် ခဲ့ကြောင်း + ဗီဒီယို

အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် မှ နယ်ချဲ့ ဇီယွန်ဝါဒီ အစ္စရေး အစိုးရ ၏ ဆီးရီးယား နိုင်ငံ တွင် တိုက်ခိုက် ခဲ့မှု ကြောင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ မှ စစ်ဘက်အကြံပေး ၄ ဦး ရှဟီးဒ် ဖြစ်ခဲ့ရကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ် အနောက်ဘက်ရှိ အယ်လ်မဇဟ် ရပ်ကွက်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ ကြောင်း ဆီးရီးယား သတင်းရင်းမြစ်များက ဖော်ပြပါတယ်။ ဤပေါက်ကွဲမှုသည် ဇီယွန်ဝါဒီအစိုးရ၏ ရန်လိုမှုနှင့် တိုက်ခိုက်မှုကြောင့် ဖြစ်သည်ဟု အချို့သတင်းရင်းမြစ်များက ကြေညာခဲ့ပါတယ်။

ဒမတ်စကတ်ရှိ "အလ်မဇဟ် " ဧရိယာရှိ လူနေအိမ်တစ်လုံးအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် မှ နယ်ချဲ့ ဇီယွန်ဝါဒီ  အစ္စရေး အစိုးရ ၏ ဆီးရီးယား နိုင်ငံ တွင် တိုက်ခိုက် ခဲ့မှု ကြောင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ မှ စစ်ဘက်အကြံပေး ၄ ဦး  ရှဟီးဒ် ဖြစ်ခဲ့ရကြောင်း ကြေညာခဲ့ပါတယ်။  

ဤဖြစ်ရပ်၏ အာဇာနည်များ၏ အမည်များမှာ "ဟွတ်ဂျတ်သ်သိုလ္လာဟ် အွန်မီးဒ်ဝါရ် " ၊ "အလီအာဂါဇာဒေဟ် " ၊ "ဟိုစိုင်းန် မိုဟမ္မဒ်ဒီ " နှင့် " စအီးဒ် ကရီးမ်မီ " တို့ဖြစ်ကြပြီး  ဆီးရီးယားရှိ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်၏ အကြံပေးများဖြစ်ကြပါတယ်။

ယင်းထုတ်ပြန်ချက်တွင် ထပ်မံ၍ ဆိုးယုတ်မှု နှင့် ရာဇ၀တ်သမား  ဇီယွန်ဝါဒီအစိုးရသည် ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ်မြို့ကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး  ဤရန်လိုသူ နှင့် နယ်ချဲ့ အစ္စရေး အစိုးရ၏ တိုက်ခိုက်ရေးသမားများ၏ လေကြောင်းတိုက်ခိုက်မှု ကြောင့်  ဆီးရီးယားတပ်ဖွဲ့ဝင် အများအပြားနှင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ စစ်ဘက်အကြံပေး 4 ရှဟီးဒ်  ဖြစ်ခဲ့ရ ကြောင်း ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်  ရှိ  အလ်မဇဟ် ဧရိယာတွင် ယနေ့နံနက်ပိုင်းတွင် ဇီယွန်ဝါဒီအစိုးရ၏ တိုက်ခိုက်မှု တွင် ဆီးရီးယားနိုင်ငံသား အများအပြား သေဆုံးခဲ့ရသည့် အရေအတွက်လည်း ရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

****************************************************************

END / 251