အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၀ ဇန်နဝါရီ ၂၀၂၄

၂၁:၂၀:၂၄
1431008

ဇီယွန်ဝါဒီ အကြမ်းဖက် အစိုးရနှင့် ISIS အဖွဲ့ကြား နက်ရှိုင်းစွာ ချိတ်ဆက်မှုရှိ / အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာစေရ် ကန်အာနီ မှ ဇီယွန်ဝါဒီ အကြမ်းဖက်အစိုးရ နှင့် ISIS အဖွဲ့ကြား နက်ရှိုင်းစွာ ဆက်နွယ်မှု ရှိကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်း အထောက်အထားများ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏  နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာစေရ် ကန်အာနီ မှ ဒမတ်စကတ်မြို့  အလ်မဇာဟ်  ဒေသတွင် ဇီယွန်ဝါဒီအစိုးရ၏ ရာဇ၀တ်မှုနှင့် ပြင်းထန်သော လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ယင်းရလဒ်ကြောင့် အီရန်စစ်တပ်အကြံပေး လေးဦးနှင့် အချို့ အဆင့်မြင့် အရာရှိများ ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။

Fars သတင်းဌာန၏ အဆိုအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏  နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာစေရ် ကန်အာနီ မှ ဇီယွန်ဝါဒီ အကြမ်းဖက်အစိုးရ ရာဇ၀တ်မှုနှင့် ပြင်းထန်သော လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ၎င်းတို့၏ လုပ်ရပ်အား ဆီးရီးယား နိုင်ငံ ၏ လုံခြုံရေး  နှင့် အချုပ်အခြာအာဏာကို နောက်တစ်ကြိမ် ချိုးဖောက်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နာစေရ် ကန်အာနီ မှ ဆက်လက်ပြီး  လွန်ခဲ့သည့် ရက်ပေါင်း ၁၀၀ ကျော်အတွင်း ဂါဇာနှင့် အနောက်ဂျော်ဒန်ရှိ ခုခံရေးတပ်ဦး မှ  မိုဂျာဟစ်ဒ်ဒီးန် ကို ဆန့်ကျင်သည့် အစ္စ‌ရေး အစိုးရ ၏ ဤပြင်းထန်သော လုပ်ရပ်သည် စစ်မြေပြင်တွင် နယ်ချဲ့ အစ္စရေး  အစိုးရ၏ အကူအညီမဲ့မှုကို ပြသနေကြောင်း ရှုံးနိမ့်မှုကို ပြသပြီး ဒေသတွင်း မတည်မငြိမ်မှုနှင့် မင်းမဲ့စရိုက်များကို ပျံ့နှံ့စေရန် ဆိုးရွားသော ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဇီယွန်ဝါဒီအစိုးရ၏ ပြင်းထန်သော အကြမ်းဖက် မှုနှင့် ရာဇ၀တ်မှုဆိုင်ရာ လုပ်ရပ်များကို ပြတ်ပြတ်သားသား တုံ့ပြန်ရန်နှင့် အဆိုပါ လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် အစိုးရများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအား အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နာစေရ် ကန်အာနီ မှ တောင်းဆိုခဲ့ပါတယ်။

****************************************************************

END / 251