အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၁ ဇန်နဝါရီ ၂၀၂၄

၁၂:၀၅:၀၂
1431184

အီရန် နှင့် ပါကစ္စတန် ဆိုင်ရာ အမျိုးသမီး သံတမန်ဟောင်း ပြောကြား

ပါကစ္စတန် နှင့် အီရန်တို့ကြား ကောင်းမွန်သော ဆက်ဆံရေးကြောင့် ရန်သူများ အိပ်မပျော်စေခဲ့ ရ

ပါကစ္စတန်သံအမတ်ဟောင်း ရဖ်အသ် မစ်အူဒ်မှ တီဟီရန် နှင့် အစ္စလာမ်မာဘတ် အကြား နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် အလေးပေးပြောကြားခဲ့ပြီး နှစ်နိုင်ငံကြား ကောင်းမွန်သော ဆက်ဆံရေးသည် ရန်သူများကို အိပ်မပျော်စေခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သတင်းအထောက်အထားများအရ တီဟီရန်နှင့် အစ္စလာမ်မာဘတ်ကြား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ပြီးနောက် ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် နယ်ပယ်အသီးသီးတွင် အီရန်နှင့် ပူးပေါင်းဆောင်ရွက်မှု ပြန်လည်စတင်ကြောင်း ကြေညာခဲ့ပါတယ်။

အစ္စလာမ်မာဘတ်နဲ့ တီဟီရန်တို့ဟာ တင်းမာမှုတွေကို လျှော့ချဖို့နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ သဘောတူခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တီဟီရန်မှာရှိတဲ့ ပါကစ္စတန် အမျိုးသမီး သံအမတ်ကြီးဟောင်း ရဖ်အသ် မစ်အူဒ်မှ Mehr News သတင်းထောက်ကို စကားပြောဆိုခဲ့ပါတယ်။ အီရန်နိုင်ငံသည် ကျွန်ုပ်တို့၏မိတ်ဆွေနှင့် ညီအစ်ကို နိုင်ငံဖြစ်သောကြောင့် မကြာသေးမီက ပါကစ္စတန်နှင့် အီရန်ကြား တင်းမာမှုသည် အလွန် ဝမ်းနည်းဖွယ် ကောင်းကြောင်း ရဖ်အသ် မစ်အူဒ်မှ ပြောကြားခဲ့ပါတယ်။

အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကြောင့် ယခုအခြေအနေသည် တိုးတက်ကောင်းမွန်လာပြီး နှစ်နိုင်ငံ သံတမန်များသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ထွက်ခွာသွားမည်ဖြစ်ကြောင်း ဒေသတွင်းမှာ အကြမ်းဖက်မှုတွေ ရှိနေပြီး အကြမ်းဖက်သမားတွေဟာ နှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ နေထိုင်နေ ကြောင်း ရဖ်အသ် မစ်အူဒ်မှ  ဆက်လက် ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အီရန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း အီရန်အရာရှိများသည် အကြမ်း ဖက်အဖွဲ့အစည်း ဖြစ်သည့် ချိတ်ရှ်‌ရှေ အလ်အဲဒ်လ် အကြောင်း ဆွေး‌နွေး ဖြစ်ခဲ့ကြောင်း ကျွန်ုပ်တို့သည် ဆက်ဆံ ရေးကောင်းမွန်ပြီး နယ်စပ်ဒေသများရှိ အကြမ်းဖက်အဖွဲ့များနှင့်ပတ်သက်သည့် သတင်းများ ရရှိသည့် အခါတွင် အီရန်အာဏာပိုင်များထံ အကြောင်းကြားလေ့   ရှိကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်နဲ့ ပါကစ္စတန်ကြား ကုန်သွယ်ရေး ဆက်ဆံရေးဟာ အများကြီး တိုးတက်ကောင်းမွန်လာခဲ့ကြောင်း  နှစ်နိုင်ငံ ပြည်သူများက ကုန်သွယ်မှု နယ်စပ် ဖွင့်လှစ်ရေး အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်ရကြောင်း အီရန်နှင့် ပါကစ္စတန်ကြား ကောင်းမွန်သော ဆက်ဆံရေးသည် နှစ်နိုင်ငံစလုံး၏ ဘုံရန်သူအတွက် စိတ်အနှောင့် အယှက်ဖြစ် စေကြောင်း ပါကစ္စတန်သံအမတ်ဟောင်း ရဖ်အသ် မစ်အူဒ်မှ   မှ ထပ်လောင်းပြောကြားခဲ့သည်။

အကြမ်းဖက် အဖွဲ့  ကတော့  ကျွန်ုပ် တို့ကို သူငယ်ချင်းမဖြစ်စေချင်ဘူး၊ ဒါကြောင့် နယ်စပ်မှာ တင်းမာမှုတွေ ဖန်တီးလို ကြောင်း အမေရိကန်နှင့် အစ္စရေးတို့ကို မငြိမ်မသက်ဖြစ်စေသည့် အကြောင်းရင်းအစစ်အမှန်ဟု ခေါ်ဆိုခဲ့ပြီး အီရန်၏တိုက်ခိုက်မှုများသည် ပါကစ္စတန်ပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ခြင်းမဟုတ်ကြောင်း ရဖ်အသ် မစ်အူဒ်မှ    ပြောကြားခဲ့ပါတယ်။

ရန်သူများသည် ကျွန်ုပ်တို့နှင့် ၎င်းတို့၏ ရန်လိုမှုကြောင့် တင်းမာမှုများ ဖန်တီးရန် ကြိုးစားခဲ့ကြကြောင်း အခြေအနေ တိုးတက်မှုအပေါ် ကျေနပ်အားရမှုဖြင့် ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ကြိုးစားသင့်ကြောင်း သံအမတ်ဟောင်းက ပြောကြားခဲ့ ပါတယ်။

နှစ်နိုင်ငံအကြား ကုန်သွယ်မှု ချိတ်ဆက်မှုများအပြင် နိုင်ငံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုများလည်း တိုးမြှင့်သင့်ကြောင်း အတိုဆုံးအချိန်အတွင်း တင်းမာမှုပြီးဆုံးသွားပြီးနောက် ဆက်ဆံရေးပြန် လည်ထူထောင်မှု အပေါ် ကျေနပ်မှုနှင့် ပျော်ရွှင်မှုကို သံအမတ်ဟောင်းက  မှ ထုတ်ဖော်ခဲ့ပါတယ်။

****************************************************************

END / 251