အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၄ ဇန်နဝါရီ ၂၀၂၄

၁၉:၅၆:၅၆
1432163

အီရန်သမ္မတ သည် နိုင်ငံရေး နှင့် စီးပွားရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့် အတူ တူရကီနိုင်ငံသို့ သွားရောက်

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ သည်မိမိ နှင့် ရာထူးတူ တူရကီသမ္မတ၏ ဖိတ်ကြားချက်အရ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စား လှယ်အဖွဲ့နှင့်အတူ ယနေ့ ဗုဒ္ဓဟူးနေ့တွင် အန်ကာရာသို့ ထွက်ခွာ သွားခဲ့ပါတယ် ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်း အထောက်အထားများ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ သည် တူရကီနိုင်ငံသို့ အလည်အပတ်ခရီး မထွက်ခွာမီ မဲဟ်ရ် အာဗါဒ် လေဆိပ် တွင် ပြောကြားခဲ့သည်မှာ - တူရကီ သမ္မတ ရဂျဗ်သွရစ်ဗ် အိုရ်ဒူဂါန် ၏ ဖိတ်ကြားချက်အရ ၎င်း၏ ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အထူးသဖြင့် နိုင်ငံရေးနှင့် စီးပွားရေး နယ်ပယ်များတွင် ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း  ဖြစ်ပါတယ်။

အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ မှ တူရကီသည် အိမ်နီးချင်း နိုင်ငံ နှင့် အစ္စလာမ်မစ် နိုင်ငံဖြစ်သလို အီရန်၏ စီးပွားရေးနှင့် ကုန်သွယ်မှု မိတ်ဖက်နိုင်ငံအဖြစ် ဖော်ပြပြောဆိုခဲ့ပြီး ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် စီးပွားရေး ဆက်ဆံမှု အဆင့်သို့ ဒေါ်လာ ဘီလီယံ သုံးဆယ်အထိ ရောက်ရှိရန် ဖြစ်ပြီး အီရန်နှင့် တူရကီတို့၏ စွမ်းအင်နှင့် စွမ်းဆောင်ရည်ကို ထောက်ရှု၍ ဒေါ်လာ ဘီလီယံ သုံးဆယ်အထိ ကုန်သွယ်မှုကို အသိအမှတ်ပြုခြင်းသည် ခက်ခဲသော ပြဿနာ မဟုတ် ကြောင်း ပြောကြား ခဲ့ပါတယ်။

 

အီရန် သမ္မတ မှ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် စီးပွားရေး ဆက်ဆံရေး မြှင့်တင်ရန် တီဟီရန်နှင့် အန်ကာရာတို့၏ ဆုံးဖြတ်ချက်ကို ပြသသည့် အရေးကြီးသော စာရွက်စာတမ်းများကို အန်ကာရာတွင် လက်မှတ်ရေးထိုးသွားမည်ဟု လည်း ပြောကြားခဲ့ပါတယ်။

အီရန်သမ္မတက တူရကီနိုင်ငံသို့ မထွက်ခွာမီ ၎င်း၏ထုတ်ပြန်ချက်တွင် ပါလက်စတိုင်းပြဿနာကို ဖော်ပြခဲ့ပြီး ယခုအချိန်တွင် မွတ်ဆလင်များနှင့် ယုံကြည်ချက်ရှိသူများကို အနှောက်အယှက်ဖြစ်စေသည့်ကိစ္စမှာ လူတိုင်းကို စိုးရိမ်နေသည့် ပါလက်စတိုင်းကိစ္စဖြစ်ကြောင်း ပြောကြားခဲပါတယ်။

ပါလက်စတိုင်းပြည်သူများအား ထောက်ခံအားပေးရာတွင် တီဟီရန်နှင့် အန်ကာရာတို့၏ ရပ်တည်ချက်သည် တူညီပြီး ဂါဇာကမ်းမြောင်ဒေသအား ရိုင်းစိုင်းသော ရက်စက်ကြမ်းကြုတ်သော ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန့်ရန် လိုအပ်သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ အမေရိကန်နှင့် ဗြိတိန်တို့က ဆက်လက် ထောက်ခံ နေခြင်းဖြစ်ကြောင်း ဇီယွန်ဝါဒီအစိုးရ အသက်ရှင်ရေးအတွက် နယ်ချဲ့ ဇီယွန် အစ္စ‌ရေး အစိုးရသည် ပါလက် စတိုင်းလူမျိုးများ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များအား ရက်ရက်စက်စက် သတ်ဖြတ်ခြင်း များကို ဆက်လက်လုပ်ဆောင်နေကြောင်း အီရန် သမ္မတ မှ ဆက်လက် ပြောကြားခဲ့ပါတယ်။

ဤလမ်းစဥ် တွင်  ပါလက်စတိုင်းတွေ အနိုင်ရပြီး ဇီယွန်ဝါဒီတွေ ရှုံးမယ်ဆိုတာ သေချာ ပေါက်ဖြစ်ကြောင်း နယ်ချဲ့ ဇီယွန်ဝါဒီအစိုးရ၏ အရေးကြီးသော သွေးကြောများကို ဖြတ်တောက်လိုက်ခြင်းဖြင့် ၎င်း၏ ရာဇ၀တ်မှုများ ဆက်လက်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ကြောင်း အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ မှ ထပ် လောင်း၍ ပြောကြားခဲ့ပါတယ်။

အိမ်နီးချင်းနိုင်ငံများနှင့် အစ္စလာမ္မစ်နိုင်ငံများနှင့် ဆက်ဆံရေးမူဝါဒများ မြှင့်တင်ခြင်းဖြင့် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နိုင်ပြီး ယင်းနှင့်ပတ်သက်၍ အီရန်နှင့် တူရကီဆက်ဆံရေး မြှင့်တင်ရေးသည် အလွန်သင့် လျော်သည်ဟု ယူဆ နိုင်ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ မှ  အီရန်နှင့် တူရကီနိုင်ငံတို့အကြား နှစ်နိုင်ငံ ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုး တက်ကောင်းမွန် လာရန် မျှော်လင့်ကြောင်းနှင့် တူရကီ သမ္မတ ရဂျဗ်သွရစ်ဗ် အိုရ်ဒူဂါန် ၏ အီရန်နိုင်ငံသို့ လာရောက်လည် ပတ်စဉ်အတွင်း ကျင်းပခဲ့သော ညှိနှိုင်းမှုရလဒ်များကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251