အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၂၅ ဇန်နဝါရီ ၂၀၂၄

၂၀:၀၇:၅၀
1432418

ဆီဆိုင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်

ရှမ်းပြည်တောင်ပိုင်းထဲက ဆီဆိုင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇန်နဝါရီ ၂၅ ရက်နေ့မှာ ထိန်းချုပ်ထားပြီလို့ ဆီဆိုင်မြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရှမ်းပြည်တောင်ပိုင်းထဲက ဆီဆိုင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇန်နဝါရီ ၂၅ ရက်နေ့မှာ ထိန်းချုပ်ထားပြီလို့ ဆီဆိုင်မြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဇန်နဝါရီ ၂၃ ရက်ကတည်းက စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့မှု ဖြစ်ခဲ့ပြီး ၂၄ ရက်နေ့မှာ ဆီဆိုင်မြို့ပေါ်ရဲစခန်းကို သိမ်းပိုက်နိုင်တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၄ ရက် ညပိုင်းကစလို့ ဆီဆိုင်မြို့အပြင် ၁ မိုင်လောက်အကွာမှာရှိတဲ့ စစ်ကောင်စီ ရဲ့  ၄၂၃၊ ၄၂၄ တပ်ရင်းတွေကို တိုက်ခိုက်နေခဲ့တာလို့ မြို့ခံက ဆက်ပြောပါတယ်။

“တပ် နှစ်တပ်က ဆုတ်ပေးလိုက်ပြီလို့ ပြောတယ်။ ဆုတ်ပေးလိုက်ပြီးမှ အခုလည်း ဗုံးထပ်ကြဲတယ်။ အခု ပိုပြီးကြဲမယ်လို့ ပြောသံကြားတယ်။ PNLA လို့လည်းပြောတယ်၊ ဒါပေမဲ့ အသက်ငယ်တဲ့သူ အများစုဆိုတော့ PDF တွေလည်းပါမယ်။”

အသေးစိတ်သိရဖို့ PNLO/PNLA စစ်ရေးတာဝန်ရှိသူတချို့ဆီ ဆက်သွယ်ရာမှာ ဖုန်းပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

ဒါပေမဲ့ PNLO နာယက ဗိုလ်မှူးကြီးခွန်ဉက္ကာက “PNLA အနေနဲ့ စခန်းသိမ်းတာတို့၊ အလံထောင်တာတို့ လုပ်ဖို့မရှိဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် PNLO အတွင်း သဘောထားကွဲလွဲမှု အနည်းငယ် ရှိနေကြောင်းလည်း သူက ဆိုပါတယ်။

ဇန်နဝါရီ ၂၃ ရက်ကစပြီး  PNA ပြည်သူ့စစ်နဲ့ ပအိုဝ်းအမျိုးသားလွတ်‌မြောက်ရေးအဖွဲ့ (PNLO) တို့အကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၄ ရက်ညက ဆီဆိုင်မြို့ ရဲစခန်းကို PNLA နဲ့ မဟာမိတ် တော်လှန်ရေးအဖွဲ့က သိမ်းပိုက်ပြီးနောက် မြို့ထဲကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တဲ့အပြင် လေယာဉ်နဲ့ပါ ဗုံးလာကြဲလို့ ဒေသခံနှစ်ဦး ဒဏ်ရာရရှိပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကလည်း ဆီဆိုင်တိုက်ပွဲမှာ ပါဝင်တယ်လို့ သတင်းတွေထွက်နေပေမဲ့ KNDF ပြောခွင့်ရသူတယောက်ကတော့ “KNDF က ဆီဆိုင်ဘက်မှာ စစ်ဆင်ရေး လုပ်တာတွေတော့ မရှိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဇန်နဝါရီ ၂၅ ရက် ညနေပိုင်း သတင်းရေးသားချိန်ထိ တိုက်ပွဲဖော်ဆောင်သူတွေဘက်က တရားဝင်ထုတ်ပြောတာမရှိသေးပါဘူး။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့အတွင်း တိုက်ပွဲဖြစ်ပွားနေလို့  ဆီဆိုင်၊ ဆိုက်ခေါင်၊ ဘန်းယဉ် အပါအဝင် အနီးအနားရှိ ကျေးရွာတွေက ရွာသားတွေ အကုန်လုံးနီးပါး တောင်ကြီး၊ ဟိုပုံးဘက် ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။


****************************************************************
END / 251