အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၅ ဇန်နဝါရီ ၂၀၂၄

၂၀:၁၀:၃၃
1432419

အမေရိကန် သမ္မတ ဘိုင်ဒင် မိန့်ခွန်းပြောစဉ် ရုန်းရင်းဆန်ခတ် ဖြစ် + ဗီဒီယို

အမေရိကန်ပြည်ထောင်စုရှိ ပါလက်စတိုင်းထောက်ခံသူများသည် သမ္မတဂျိုးဘိုင်ဒင်၏ မိန့်ခွန်းကို အကြိမ်များစွာ အတားအဆီး ပြု ခဲ့ပြီး ဂါဇာရှိပြည်သူများကို ထောက်ခံသည့် သူများ က ဘိုင်ဒင်အား ဆန့်ကျင်သည့် ကြွေးကြော် သံများ ကြွေးကြော်ခဲ့ ကြပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အမေရိကန် သမ္မတဘိုင်ဒင် မိန့်ခွန်းအတွင်း ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ကြောင်း အမေရိကန် မီဒီယာက ဖော်ပြခဲ့ပြီး ထိုနေရာတွင် လူများက ပါလက်စတိုင်း ကို ထောက်ခံသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ ကြသည်။ အစီရင် ခံစာအရ ဘိုင်ဒင် သည် ၎င်း၏ လက်ထောက် ကမ်လာ ဟရီးစ် နှင့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် တိုနယ်ထရန့် ပါဝင်ခြင်း၏ အန္တရာယ်များ အကြောင်းပြောဆိုရန်ကြိုးစား နေသော်လည်း ဘိုင်ဒင် သည် ကိုယ်ဝန်ဖျက်ချခြင်း ဆိုင်ရာဥပဒေများကိုထပ်မံကန့်သတ်ရန်ကြိုးစားသောအခါ၊ ရီပတ်ဘလီကန် အစီအစဉ် အကြောင်းပြောရန် ကြိုးစားသောအခါ  ထိုနေရာတွင် ရှိနေသည့် သူများ သည် မိနစ်တိုင်း ဘိုင်ဒင်  သည် လူမျိုး တုံးသတ် ဖြတ်မှု သို့မဟုတ် စစ်ပွဲကို ချက်ချင်းရပ်ရန် သို့မဟုတ်ပါက  ငါတို့ မဲမပေးကြပါ ဟု ကြွေးကြော် သံများ ထွက်ထွက် လာကြောင်း သိရပါတယ်။

အမေရိကန်မီဒီယာများ၏  ဖော်ပြချက်အရ ရဲအရာရှိများ အနေဖြင့်  ခန်းမဝန်ထမ်းတွေက ဆန္ဒပြသူတွေကို အမေရိကန်သမ္မတ ၏  မိန့်ခွန်းထဲကနေ အပြင် ထွက်ဖို့ ကြိုးစားခဲ့ကြကြောင်း ဆိုထားပါတယ်။

****************************************************************

END / 251