အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၆ ဇန်နဝါရီ ၂၀၂၄

၁၉:၂၃:၀၂
1432604

အစ္စရေး အကြီးအကျယ် တုန်လှုပ် / ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် အစ္စရေးကို တရားစွဲမည် / ကမ္ဘာ့ တရားရုံး

ဂါဇာကမ်းမြောင်ဒေသတွင် လူမျိုးတုံးသတ်ဖြတ်မှုကိစ္စရပ်ကို ဆိုင်းငံ့ထားရန် အစ္စရေး၏တောင်းဆိုမှုကို နိုင်ငံတကာတရားရုံးက ပယ်ချခဲ့ပြီး အစ္စရေးအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကိစ္စအား ပယ်ချမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်းအထောက်အထားများ အရ နိုင်ငံတကာတရားရုံး (ICJ) သည် ပါလက်စတိုင်း လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွင် တောင်အာဖရိက၏စွပ်စွဲချက်များကို မှန်ကန်ကြောင်း ကြေညာခဲ့ပြီး အမှုကို ကြားနာရန် အစ္စရေး၏တောင်းဆိုမှုကို ပယ်ချခဲ့ပါတယ်။

အစ္စရေးက ပါလက်စတိုင်းများကို လူမျိုးတုံးသတ်ဖြတ်မှုလို့ တောင်အာဖရိက၏  စွပ်စွဲချက်များဟာ မှန်ကန်ကြောင်း နှင့် အစ္စရေး ၏ တိုက်ခိုက်မှုတွေကြောင့် အသက် နှင့် အခြေခံအဆောက်အအုံတွေ အများအပြား ဆုံးရှုံးခဲ့ရတယ်လို့ နိုင်ငံတကာတရားရုံးက မိမိ ၏ ဆုံးဖြတ်ချက်မှာ ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှု များပြားခဲ့ပြီး ဂါဇာတွင် လူသားများ ကြေကွဲစရာ အတိုင်းအတာကို တရားရုံးက သိရှိကြောင်း နိုင်ငံတကာ တရားမျှတရေးအဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အစ္စရေးနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သက်သေအထောက်အထားများ လုံလောက်စွာရှိကြောင်း နိုင်ငံတကာတရားရုံးက ပြောကြားခဲ့ပြီး အစ္စရေးအပေါ် စွဲချက်အချို့သည် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များအတွင်း အကျုံးဝင်သည်ဟု ဆိုပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်များကို ရပ်တန့်ရန် အစ္စရေးအား တရားရုံးက အမိန့်ပေးခဲ့ကာ အစ္စရေးသည် ၎င်း၏ လုပ်ရပ်များကို တလအတွင်း အစီရင်ခံစာ တင်သွင်းရန် ယနေ့ အမိန့်ပေးခဲ့ပါတယ်။

ဂါဇာတွင် အစ္စရေး မှ ပါလက်စတိုင်းလူမျိုးများကို လူမျိုးတုံးသတ်ဖြတ် နေသည် ဆိုသည့်အမှုတွဲ  တောင်အာဖရိက မှ နိုင်ငံတကာတရားရုံးတွင် တင်ခဲ့ကြောင်း သတိပြုသင့်ပါတယ်။ ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျင်းပသည့် နိင်ငံတကာတရားရုံး၏ ကြားနာမှုတွင် တောင်အာဖရိက မှ အစ္စရေး တို့၏ လုပ်ရပ်ကို သက်သေ အထောက် အထားများ တင်ပြခဲ့ကြပါတယ်။

****************************************************************

END / 251