အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၇ ဇန်နဝါရီ ၂၀၂၄

၁၉:၄၆:၀၁
1432941

အီရန်နိုင်ငံသည် ပါကစ္စတန်၏ လုံခြုံရေးကို မိမိ ၏လုံခြုံရေးအဖြစ် နားလည် ထားပါတယ် / အီရန်သမ္မတ

အီရန်သမ္မတထံ မိမိအား သံအမတ်ခန့်အပ် လွှာအား တင်ပြရာပြီး ပါကစ္စတန် သံအမတ်သစ်က အီရန် သမ္မတ အာယာသွလ္လာဟ် ရအီစီ ၏ အခန်းကဏ္ဍသည် တီဟီရန်နှင့် ပါကစ္စတန်ကြား ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရေး တွင် ထိရောက်ကြောင်း ဖော်ပြခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ အိမ်တော် ၏ နိုင်ငံရေးရေးရာ လက်ထောက်ညွှန်ကြားရေးမှူး မိုဟမ္မဒ် ဂျန်မ်ရှေးဒီ ၏အဆိုအရ ပါကစ္စတန်သံအမတ်အသစ်သည် အီရန် သမ္မတ ထံသို့ သံတမန်ဆိုင်ရာ အထောက်အထားများ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

အီရန်သမ္မတထံ မိမိအား သံအမတ်ခန့်အပ် လွှာအား  တင်ပြရာပြီး ပါကစ္စတန် သံအမတ်သစ်က အီရန် သမ္မတ အာယာသွလ္လာဟ် ရအီစီ ၏ အခန်းကဏ္ဍသည် တီဟီရန်နှင့် ပါကစ္စတန်ကြား ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရေး တွင် ထိရောက်ကြောင်း ဖော်ပြခဲ့ပါတယ်။

ပါကစ္စတန်သည် တီဟီရန်နှင့် ညီရင်းအစ်ကိုဆက်ဆံရေး စာမျက်နှာသစ်တစ်ခု စတင်ရန် အသင့်ရှိကြောင်း ပါကစ္စတန် သံအမတ်အသစ် မှ ပြောကြားခဲ့ပါတယ်။

ဤ အခါသမယတွင် အီရန်သမ္မတ အာယာသွလ္လာဟ် ရအီစီ  မှ ပါကစ္စတန်၏ လုံခြုံရေးကို မိမိ တို့၏ လုံခြုံ ရေးနှင့် စီးပွားရေး ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးသည် တီဟီရန်၏ ဦးစားပေးဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) နှင့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဂျလီးလ် အဘာစ် ဂျီလာနီ တို့သည် တနင်္လာနေ့တွင် ဖုန်းပြောဆိုပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) သည် ပါကစ္စတန်နိုင်ငံခြား ရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံသို့ သွားရောက် မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ပါကစ္စတန် အိမ်စောင့် ၀န်ကြီးချုပ် အန်နဝါရိုလ်ဟက် ကာကရ် က အီရန်နှင့် သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန်လည်ထူထောင်ကြောင်း ဇန်နဝါရီ ၁၉ ရက်က ကြေညာခဲ့ပါတယ်။

****************************************************************

END / 251