အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၉ ဇန်နဝါရီ ၂၀၂၄

၂၀:၀၃:၁၄
1433553

ဆီးရီးယားရှိ အမေရိကန် စစ်စခန်း ၃ ခုကို ဒရုန်းဖြင့် တိုက်ခိုက်

ဂါဇာရှိ ပါလက်စတိုင်းမွတ်စလင်များအပေါ် သိမ်းပိုက်ထားသည့် ဇီယွန်ဝါဒီတပ်များကို ဆက်လက် ထိုးစစ်ဆင်နေချိန်တွင် အမေရိကန်၏ ဇီယွန်ဝါဒီအစိုးရအပေါ် အပြည့်အဝ ထောက်ခံ မှု နှင့် ထောက်ပံ့ ကူညီမှုများကို ဆန့်ကျင်ပြီး ခုခံရေးတပ်ဦးမှ မိုဂျာဟစ်ဒ်ဒီးန် များသည် အဆိုပါဒေသရှိ အမေရိကန်စစ် အခြေစိုက် စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိ ကြောင်း သိရှိပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းအထောက်အထားများအရ အီရတ် အစ္စလာမ်မီ  ခုခံရေး အဖွဲ့ မှ တနင်္ဂနွေတွင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ထို ကြေညာချက်တွင် ဆီးရီးယားရှိ အမေရိကန် စစ်အခြေစိုက်စခန်း သုံးခုကို ဒရုန်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ ကြောင်း ဖြစ်ပါတယ်။

ဆီးရီးယားရှိ အမေရိကန် စစ်အခြေစိုက် စခန်း ၃ ခု အား အီရတ် အစ္စလာမ်မီ  ခုခံရေး အဖွဲ့ မှ  ဒရုန်းဖြင့် ပစ်မှတ်ထား တိုက်ခိုက် ချိန် တွင် အခြား တစ်ဖက် တွင်လည်း ဇီယွန်အစိုးရ၏ စစ်အခြေစိုက် စခန်းများကို  လက်ဘနွန်ရှိ ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့မှ လည်း ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကြေညာ ခဲ့ပါတယ်။

လက်ဘနွန်တောင်ပိုင်း နယ်စပ်အနီး ခရ်ဘေဟ် မာအရ် ၏ ဇီယွန်စစ်အခြေစိုက်စခန်းကို ဒုံးကျည်နှစ်စင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဇ်ဘွလ္လာဟ် လက်ဘနွန်က ကြေညာခဲ့ပါတယ်။

ဟစ်ဇ်ဘွလ္လာဟ် လက်ဘနွန်က ၎င်း၏ ကြေညာချက်တွင် ပါလက်စတိုင်းတို့ ၏ သိမ်းပိုက်ခဲ့ထား သည် နယ်စပ်အနီးရှိ အရ်ရာဟစ်ဗ် စစ်အခြေစိုက်စခန်းအား ဘူရ်ကန် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်း ခုခံ တော်လှန်ရေးအဖွဲ့များလက်သို့ အလ်ကာစ်မ် စစ်ဆင်ရေးပြီးကတည်းက လက်ဘနွန်ရှိ ဟစ်ဇ်ဘွလ္လာဟ် များသည် ပါလက်စတိုင်းမြောက်ပိုင်းတွင် ဇီယွန်ဝါဒီတပ်ဖွဲ့များ ပိတ်မိနေစေရန်နှင့် ဂါဇာရှိ ခုခံမှုအပေါ် ဖိအားများကို လျှော့ချရန်အတွက် အစ္စရေး၏ ပစ်မှတ်များကို နေ့စဉ် ပြင်းထန်စွာ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

ယင်းနှင့်ပတ်သက်၍ ဇီယွန်ဝါဒီမီဒီယာများက ဟစ်ဇ်ဘွလ္လာဟ် သည် သိမ်းပိုက်ထားသော ပါလက် စတိုင်း မြောက်ပိုင်း တွင် အသာစီးရှိနေဆဲဖြစ်ပြီး သိမ်းပိုက်ခံထားရသော ဇီယွန်ဝါဒီစစ်တပ်သည် ယင်းဧရိယာ တွင် ပိတ်မိ နေသည်ဟု သိရှိရပါတယ်။

ဂါဇာရှိ ပါလက်စတိုင်းမွတ်စလင်များအပေါ် နယ်ချဲ့  ဇီယွန်ဝါဒီစစ်သားများ၏ လူမဆန်သည့် တိုက်ခိုက်မှုများ တွင် ဇီယွန်နစ်အစိုးရ အား အမေရိကန် အစိုးရ ၏ အပြည့် အဝ ထောက်ခံ မှု နှင့် ထောက်ပံ့ကူညီမှုများကို ဆန့်ကျင်သည့် မိုဂျာဟစ်ဒ်ဒီးန် များသည် များသည် ကျူးကျော် နယ်ချဲ့  ဇီယွန်ဝါဒီစစ်သားများ၏ အဓိက အချက်အချာ ကြသည့် နေရာများ နှင့်  အမေရိကန်တို့  စစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့ ကြောင်း သတိပြုသင့် စရာ ဖြစ်ပါတယ်။

****************************************************************

END / 251