အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၃၁ ဇန်နဝါရီ ၂၀၂၄

၂၀:၃၀:၁၅
1434151

« ဝီကီသရာစ် » နှင့် « ရှီအဟ်ဒေတာ » ဖွင့်ပွဲ အခမ်းအနား ၏ အပြည့်အစုံ အစီရင်ခံစာ

အဲဟ်လေ့ဘိုက် (သ) (အ.စ) ကျောင်း တော် အွန်လိုင်း စွယ်စုံကျမ်း ဝီကီရှီအဟ် ၏ ပရောဂျက်နှစ်ခု ဖြစ်သည့် « ဝီကီသရာစ် » နှင့် « ရှီအဟ်ဒေတာ » ဖွင့်ပွဲ အခမ်းအနား အား အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမို ရှီးရာဇီး ၏ သဝဏ်လွှာနှင့် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် ၏ မိန့်ခွန်းနှင့်အတူ ကွမ်းမြို့ တွင် ကျင်းပခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ တော်လှန်ရေး အောင်ပွဲရ ၄၅ နှစ်မြောက် အကြိုနေ့တွင် အဲဟ်လေ့ဘိုက် (သ) (အ.စ) ကျောင်း တော် အွန်လိုင်း စွယ်စုံကျမ်း ဝီကီရှီအဟ် ၏ ပရောဂျက်နှစ်ခု ဖြစ်သည့် « ဝီကီသရာစ်  »  နှင့်    «  ရှီအဟ်ဒေတာ » ဖွင့်ပွဲ အခမ်းအနား အား ယနေ့  ဇန်နဝါရီလ ၃၁ ရက်နေ့ ၂၀၂၄ ခုနှစ် ဗုဒ္ဓဟူးနေ့ မွန်းတည့်မတိုင်မီတွင် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ညီလာခံ အစည်း အဝေးခန်းမ၌ အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမို ရှီးရာဇီး ၏ သဝဏ်လွှာနှင့် အတူ ကျင်းပခဲ့ပါတယ်။

အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမို ရှီးရာဇီး ၏ သဝဏ်လွှာ ၏ စာသားမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

«  ပထမဦးစွာ အစီအစဉ်ရေးဆွဲသူများ၊ ကြီးကျယ်သူ များ၊ ကျွမ်းကျင်သူများ နှင့် ပါဝင်ပတ်သက်သူများအား ရလာဒ် ရရန် နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ သွန်သင်ချက်များကို ထုတ်ဝေရန် လမ်းညွှန်မှုတွင် အသုံးဝင်သော ပရိုဂရမ်နှစ်ခုကို အသုံးပြုရန် နိုင်စေရန်အတွက် စီစဥ် ပေးသည့် ကျွန်ုပ်တို့၏ အနန္တတန်ခိုးရှင် အလ္လာဟ် ဟို အရှင်မြတ် သခင်ကို ပထမဆုံးအနေနှင့် ကျေးဇူးတင်ရှိ ပါသည်။

စုဆောင်းခြင်းနှင့် မြှင့်တင်ပေးခြင်းနှင့် ရှီအဟ် ကျောင်းတော် ၏ သွန်သင်ချက်များ နှင့် မွတ်စလင် ပညာရှင်များ၏ အမွေအနှစ်များကို လက်လှမ်းမီရန် စုစည်းခြင်းနှင့် ရရှိနိုင်သော အရင်းအမြစ်များကို အမျိုးအစားခွဲခြားခြင်းနှင့်အတူ အဆိုပါ အစီအစဉ်နှစ်ခုတွင် ဆောင်ရွက်ခဲ့သည့် အသုံးဝင်သော ကြိုးပမ်းအားထုတ်မှုများအား အလ္လာဟ်ဟို အရှင်မြတ် အလိုရှိတော်မူသည့် နည်းလမ်းများ၊ အစ္စလာမ့် အမွေအနှစ်များ နှင့် စာအုပ်များတွင် သုတေသန နှင့် သုတေသနလုပ်ငန်းများ တိုးတက်မှုအတွက် အခြေခံ အချက်များ ရှီအဟ် ပညာရှင်များနှင့်  အေမာမ် မီယဟ် ရှီအဟ် အယူဝါဒ ၏ မှန်ကန်ပြီး ပြည့်စုံသောမိတ်ဆက် ပေးမှု ဖြင့် အမှန်တရားရှာဖွေသူများနှင့် အမှန်တရားလိုလား သူများအားလုံးကို ပေးအပ်မည်ဖြစ်ပါသည်။

ယနေ့ကမ္ဘာကြီးတွင် ပြိုင်ဆိုင်မှုသည် မြန်ဆန်မှု၊ တိကျမှု၊ မှန်ကန် မှုတို့အတွက်ဖြစ်ပါသည်။ ရန်သူများသည် မှန်ကန်သောလမ်းကြောင်း၏ မျက်နှာစာကို ကမောက်ကမဖြစ်အောင် ကြိုးပမ်းကာ လူတို့၏စိတ်နှလုံးကို မှားယွင်းသောလမ်းကြောင်းသို့ ဆွဲဆောင်ရန် ကြိုးပမ်း နေသည့် အတွက် ကျွန်ုပ်တို့ အနေဖြင့် မလွဲမသွေ အလေးအနက်ထား၍ ဆိုက်ဘာစပေ့ အတွက်   ကြိုးစားရမည်ဖြစ်သည်။ဤသို့ဖြင့် တစ်နည်းအား ဖြင့် «وَ أَعِدُّوا لَهُمْ مَا اسْتَطَعْتُمْ مِنْ قُوَّة» အတွက် စံဆိုလိုချက် ဖြစ်မည် ဖြစ်ပါသည်။

 ကျနော် အနေဖြင့်  တာဝန်ရှိသူတွေနဲ့ သက်ဆိုင်သူတွေအပြင် ဒီကျယ်ပြန့်တဲ့ ပရောဂျက်နှစ်ခုမှာ ပါဝင် ဆောင်ရွက်ခဲ့ကြတဲ့ သုတေသီတွေနဲ့ လေးစားရတဲ့ ပါဝင်ဆောင်ရွက် သူများအားလုံးကို ကျေးဇူးတင်ကြောင်းနှင့် မြင့်မြတ်သော အောင်မြင်မှုရရှိပါစေလို့ ဆုတောင်း လိုက်ပါသည်။ »

အာယာသွလ္လာဟ် ရမ်တွာန်နီ - ဝီကီရှီအဟ် ၏ ဝိညာဥ် သည် မလွဲမသွေ  ဆင်ခြင်တုံတရားရှိသော ဘာသာကို ချုပ်ကိုင် ထားရမည် ဖြစ်ပါတယ်။

ဤအခမ်းအနားတွင်  မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရမ်တွာန်နီ  မှ အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမို ရှီးရာဇီး ၏  ပညာပါသည့် သဝဏ်လွှာ ကို ချီးကျူးခဲ့ပြီး အစ္စလမ် တော်လှန်ရေး အောင်ပွဲ ၏ နှစ်ပတ်လည် နီးကပ်လာမှုကို ထောက်ပြခဲ့ပြီးပြော ကြားသည် မှာ - အချို့က ဘာသာရေး တော်လှန်ရေးတစ်ရပ် ပေါ်ပေါက်လာခြင်းသည် မအောင် မြင်နိုင်ဟု ယုံကြည်ကြပါသည်။ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရေးကို ယုံကြည်ကြသော်လည်း ဘုန်းကြီး သော အစ္စလမ္မစ်တော်လှန်ရေးသည် ရာစုနှစ်၏ အံ့ဖွယ်တစ်ခုအဖြစ် ဖြစ်ပေါ်ကာ နိုင်ငံရေးညီမျှမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှု အမျိုးအစားကို ပြောင်းလဲခဲ့ပါသည်။

အာယာသွလ္လာဟ် ရမ်တွာန်နီ မှ အဲဟ်လေ့ဘိုက် (သ) (အ.စ) ကျောင်း တော် အွန်လိုင်း စွယ်စုံကျမ်း ဝီကီရှီအဟ် ၏ လိုအပ်ချက်များနှင့် ပတ်သက်၍ ပြောကြားခဲ့သည် - ဤစွယ်စုံကျမ်းသည် နောက်ဆုံးပေါ် ဖြစ်ရမည်။ အခြားတစ်ဖက်တွင် အဲဟ်လေ့ဘိုက်(သ) (အစ) ၏ သွန်သင်ချက်များကို ကမ္ဘာသို့တင်ပြနိုင်စေရန်အတွက် ရှီအဟ် ဝီကီဝင်များသည် သက်ဆိုင်ရာ ဒေသများ နှင့် သင့်လျော်မှုရှိရန် လိုအပ်ပါသည်။

ဆရာစသူဟ် အာလီ မှ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ပညာဌာန ၊ ဘာသာရေးဆိုင်ရာ ဌာန အဲဟ်လေ့ဘိုက် (သ) (အ.စ) ကျောင်း တော် အွန်လိုင်း စွယ်စုံကျမ်း ဝီကီရှီအဟ် ဌာန တို့၏ တာဝန် ရှိ အကြီးအကဲများ ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း ဝီကီ ရှီအဟ် ၏ အကြီးအကဲများသည် ကြေညာထားသည့်  မူဝါဒများကိုအခြေခံ၍ လေးနက်သောကြိုးပမ်းမှုများ ဖြင့် လုပ်ငန်းကိုဆောင်ရွက်ခဲ့သည့် တာဝန် ရှိသူများ ကို ကျေးဇူးတင် ပြောကြားခဲ့ပါတယ်။

 

****************************************************************

END / 251