အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၅ ဖေဖော်ဝါရီ ၂၀၂၄

၁၅:၃၉:၄၂
1435423

အီရန်နှင့် ဆော်ဒီအာရေးဗီးယားတို့သည် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးရန် တိုက်တွန်း

အီရန်နိုင်ငံ နိုင်ငံခြားဆက်ဆံရေး မဟာဗျူဟာကောင်စီ အကြီးအကဲနှင့် တီဟီရန်ရှိ ဆော်ဒီအာရေးဗီးယား သံအမတ်တို့က နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေး ရန် တိုက်တွန်း ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏သတင်းအထောက်အထားများအရ အီရန်နိုင်ငံခြားဆက်ဆံရေး မဟာဗျူဟာကောင်စီ အကြီး အကဲ ကမာလ်ခရာဇီ နှင့် ဆော်ဒီအာရေးဗီးယား သံအမတ် အဗ်ဒွလ္လာဟ်ဗင်န် စအူဒ် အလ်အန်ဇီ တို့သည် တနင်္ဂနွေနေ့တွင် တီဟီရန်မြို့၌ တွေ့ဆုံစဉ် အရေးကြီး စွမ်းဆောင်ရည်များကို ချဲ့ထွင်ရန် အီရန်နှင့် ဆော်ဒီ အာရေးဗီးယား ထိပ်တန်းအရာရှိများ၏ ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

​တီဟီရန်မှာ ကျင်းပတဲ့ ဒီအစည်းအဝေးမှာ ကမာလ်ခရာဇီ  နှင့် အဗ်ဒွလ္လာဟ်ဗင်န် စအူဒ် အလ်အန်ဇီ တို့က ဂါဇာကမ်းမြောင်ဒေသက ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အစ္စလာမ်မစ်နိုင်ငံများ၏ စုပေါင်း အား ထုတ်မှုကို အလေးပေး ပြောကြားခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ ဂါဇာကမ်းမြောင်ဒေသရဲ့ အခြေအနေကို စိုးရိမ်ကြောင်း၊ အဖိနှိပ်ခံ ပါလက်စတိုင်း ပြည်သူတွေအပေါ် နယ်ချဲ့ ဇီယွန်အစိုးရရဲ့ ရာဇ၀တ်မှုတွေကို ရပ်တန့်ဖို့နဲ့ ဂါဇာကမ်းမြောင်ဒေသက ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အစ္စလာမ်မစ် နိုင်ငံများ၏ စုပေါင်းအားထုတ်မှု  စသည် ခေါင်းစဥ်များ ကို အပြန်အလှန် သဘောထားများ တင်ပြခဲ့ကြပါတယ်။

****************************************************************

END / 251