အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္ဂနွေနေ့

၁၁ ဖေဖော်ဝါရီ ၂၀၂၄

၂၀:၁၇:၄၉
1436892

ကိုးကန့်တခုလုံး စစ်အာဏာရှင်လက်အောက်မှ အလုံးစုံလွတ်မြောက်ရေး အောင်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသတခုလုံး စစ်အာဏာရှင်လက်အောက်က အလုံးစုံလွတ်မြောက်ရေး အောင်ပွဲအခမ်းအနားကို ညီနောင်မဟာမိတ်ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

    
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသတခုလုံး စစ်အာဏာရှင်လက်အောက်က အလုံးစုံလွတ်မြောက်ရေး အောင်ပွဲအခမ်းအနားကို ညီနောင်မဟာမိတ်ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်နေ့က ကိုးကန့်ဒေသမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး တရုတ်နှစ်သစ်ကူးပွဲတော်နဲ့အတူ ကျင်းပတာလို့လည်း ညီနောင်မဟာမိတ်တွေက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီအခမ်းအနားမှာ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တာအိုက်ဘုန်းကလည်း မိန့်ခွန်းပြောကြားခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ပါတယ်။

“ကိုးကန့်တော်လှန်ရေးခေါင်းဆောင်တိုရဲ့ အိမ်ပြန်ခရီးနှင့်အတူ မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေနဲ့လည်း မိမိတို တအာင်းလူမျိူးများ၏ နိုင်ငံရေးမျှော်မှန်းမှုရလဒ်ကို အပြည်အဝမဟုတ်သည့်တိုင် အများစုကိုတော့ တအာင်းမိဘပြည်သူရဲ့အိပ်မက်အား အကောင်အထည်ဖော်ပေးနိုင်ခဲပြီ” လို့ TNLA ဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။

အဲဒီအခမ်းအနားကို ကိုးကန့်တပ် (MNDAA) စစ်ဦးစီးချုပ် ဦးဖုန်တဲရင်၊ TNLA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့အတူ တက်ရောက်ကြတဲ့ဓာတ်ပုံကိုလည်း ညီနောင်မဟာမိတ်အဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။
****************************************************************
END / 251