အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္လာနေ့

၁၂ ဖေဖော်ဝါရီ ၂၀၂၄

၂၀:၁၅:၂၂
1437218

ပြည်မြို့၌ စစ်မှုထမ်းခိုင်းရန် အိမ်ထောင်စုစာရင်းများ လိုက်လံစစ်ဆေးပြီး စာရင်းကောက်နေ

အရွယ်ရောက်ပြီးသူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီးနောက် ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ အိမ်ထောင်စုစာရင်းတွေ လိုက်လံ‌စစ်ဆေးပြီး စာရင်းကောက်ခံနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အရွယ်ရောက်ပြီးသူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီးနောက် ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ အိမ်ထောင်စုစာရင်းတွေ လိုက်လံ‌စစ်ဆေးပြီး စာရင်းကောက်ခံနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ မြို့နယ်အုပ်ချုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေးဌာနတွေက ဝန်ထမ်းတွေနဲ့ ရပ်ကျေးအဖွဲ့ဝင်တွေ ပူးပေါင်းကာ ဖေဖော်ဝါရီ ၁၂ ရက်က စတင်ပြီး လိုက်လံ စာရင်းကောက်နေတာလို့ ဆိုပါတယ်။

မြို့ခံတဦးက "အိမ်မှာတော့ ကျနော်အပါအဝင် ယောကျ်ားလေး သုံးယောက်ရှိတာ။ သားကြီးက စာရင်းထဲပါသွားတယ်။ သားငယ်က အသက်မပြည့်သေးတော့ စာရင်းထဲ အထည့်မခံရဘူး။ စာရင်းပါထားတော့ ဘာဆက်လုပ်ရမလဲ မသိသေးဘူး၊ အခြေအနေကို စောင့်ကြည့်နေတာ။ စစ်ထဲတော့ မရောက်အောင် တခုခုတော့ လုပ်ရမှာပေါ့" လို့ ဒီဗွီဘီကို ပြောပါတယ်။

သတ်မှတ်ချက်နဲ့ ပြည့်စုံသောသူတွေကို စာရင်းမှတ်သွားပြီး သင်တန်းအပတ်စဉ် စတဲ့အချိန်မှာ လာရောက်ခေါ်ယူမှာဖြစ်ကြောင်း၊ ရှောင်ရှားနေပါက ထောင်ဒဏ် ၅ နှစ်အထိ အပြစ်ပေးအရေးယူနိုင်တဲ့ ဥပဒနဲ့ ဖမ်းဝရမ်းထုတ်ပြီး အရေးယူမယ်လို့ ပြောဆိုခဲ့ကြောင်း၊ သင်တန်းတက်ရမယ့် နေ့ရက်ကိုတော့ ပြောကြားသွားတာမရှိဘူးလို့ ဆိုပါတယ်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၂၄ ရက်မှာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထုတ်ပြန်ကြေညာခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အာဏာတည်ကြောင်း လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

စစ်မှုထမ်း ဥပဒေအရ အသက်ပြည့်ပြီးသူ အမျိုးသား၊ အမျိုးသမီး အသက် ၁၈ နှစ်မှစတင်ပြီး ၂ နှစ် စစ်မှုထမ်းရမှာဖြစ်ပြီး နိုင်ငံတော်အရေးပေါ်ကာလကြုံတွေ့ရပါက ၅ နှစ်အထိ တာဝန်ထမ်းဆောင်ရမယ်လို့ သိရပါတယ်။

ပြည်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက "စစ်မှုထမ်းရမဲ့ ဥပဒေထုတ်ပြန်လာပြီးကတည်းက ဆက်သွယ်လာကြတဲ့သူ အများအပြားရှိတယ်။ သူတို့ PDFထဲဝင်လာမယ်ဆိုရင် လုပ်ပေးနိုင်အောင်လို့ လူကြီးပိုင်းတွေ နဲ့ တိုင်ပင်ထားတယ်။ အခုထိတော့ နယ်မြေကို ရောက်လာတဲ့သူ မရှိသေးဘူး။ ပြည်ပကို အောက်လမ်းက ထွက်ဖို့တော့ စီစဉ်ပေးနိုင်တာမရှိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

****************************************************************
END / 251