အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၄ ဖေဖော်ဝါရီ ၂၀၂၄

၁၁:၄၂:၂၁
1437642

‌ရဖ်အ် မြို့ကို နယ်ချဲ့ ဇီယွန်ဝါဒီ စစ်တပ်က ပြင်းထန်စွာ လေကြောင်းတိုက်ခိုက်မှုများကို ယနေ့ အထိ ဆက်လက် ပြုလုပ် နေ

ဂါဇာကမ်းမြောင်ဒေသ ရဖ်အ် မြို့ကို နယ်ချဲ့ ဇီယွန်စစ်တပ်က ပြင်းထန်စွာ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပြီး နယ်ချဲ့ ဇီယွန် ဝါဒီ အစ္စရေး စစ်သားများကလည်း ဂါဇာအလယ်ပိုင်းရှိ အလ်နစီးရာသ် စခန်းကို တိုက်ခိုက်ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းဌာန  နှင့် အလ်ဂျဇီးရာဟ် ရုပ်သံလိုင်း တို့၏ သတင်းအထောက် အထားများ အရ ယနေ့ နံနက်ပိုင်းတွင် ပြင်းထန်သော ဇီယွန်ဝါဒီတပ်ဖွဲ့ဝင်များသည် ရဖ်အ် မြို့၏ အရှေ့ပိုင်းဒေသတွင် လေကြောင်း တိုက်ခိုက်မှု လေးကြိမ် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

နယ်ချဲ့ ဇီယွန်ဝါဒီတပ်ဖွဲ့များသည် ဂါဇာအလယ်ပိုင်းရှိ နူ အလ်နစီးရာသ်  စခန်းကိုလည်း တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း ငါးဦး သေဆုံးပြီး အခြားအများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့များသည် အပျက် အစီးများ အောက်တွင် မြှုပ်နှံထားသော အလောင်းများကို ထုတ်ယူရန် အလုပ်များနေပါတယ်။

နယ်ချဲ့ ဇီယွန်စစ်တပ်သည် ဂါဇာမြို့လယ်ရှိ အလ်ဗရီးဂျ် စခန်းကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။

****************************************************************

END / 251