အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
ဗုဒ္ဓဟူးနေ့

၂၁ ဖေဖော်ဝါရီ ၂၀၂၄

၂၀:၂၈:၃၃
1439554

သခင်မကြီး ဖွာတွေမဟ် (စ.အ) အပေါ် အချစ်ထားခြင်း ၏ အကျိုးအမြတ်များ

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် သခင်မကြီး ဖွာတွေမဟ် (စ.အ) အပေါ် အချစ်ထားခြင်း ၏ အကျိုးအမြတ်များ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ် အန်နဝါရ် ကျမ်း ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

يَا سَلْمَانُ حُبُّ فَاطِمَةَ يَنْفَعُ فِي مِائَةِ مَوْطِنٍ أَيْسَرُ تِلْكَ اَلْمَوَاطِنِ اَلْمَوْتُ وَ اَلْقَبْرُ وَ اَلْمِيزَانُ وَ اَلْمَحْشَرُ وَ اَلصِّرَاطُ وَ اَلْمُحَاسَبَةُ ۔

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

 

“ အိုစလ်မန်  ! ဖွာတွေမဟ် (စ.အ) အပေါ် အချစ် ထာားခြင်းသည် နေရာ တစ်ရာ တွင် အကျိုးရှိ အသုံး ဝင်လိမ့် မည်ဖြစ်ပါတယ်။ ၎င်းနေရာ  တစ်ရာအနက်မှ အလွယ်ကူ တကာအလွယ်ကူ ဆုံး ဆုံးနေရာများမှာ သေခြင်း ၊ ကဗ်ရ်တွင်း ၊ မီးဇာန် ၊ မဲဟ်ရှရ် ကွင်းပြင် ၊ ဆွေရသ်တံတား နှင့် စာရင်းအင်း ရှင်းသည့်နေရာ ဖြစ်ပါသည်။  “

ကျမ်းကိုး ။ ။ ဘေဟာရိုလ် အန်နဝါရ် ကျမ်း ၊ အတွဲ ၂၇  ၊ စာမျက်နှာ ၁၁၆

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့သည် သခင်မကြီး (စ.အ) အပေါ် အချစ် ထားခြင်း တန်ဖိုးကို အသေအချာ သိရှိရမှာ ဖြစ်ပါတယ်။ ပြီးနောက် အသက်ရှိသူ တိုင်း သေရမှာ မုချ ဧကန် ဖြစ်ပြီး ကဗ်ရ်တွင်း ၊ မီးဇာန် ၊ မဲဟ်ရှရ် ကွင်းပြင် ၊ ဆွေရသ်တံတား နှင့် စာရင်းအင်း ရှင်းသည့်နေရာ တို့သည်  မိုအ်မင် တိုင်း ကြုံရ မည့် နေရာများ ဖြစ်ပါတယ်။ ကျနော်တို့ အားလုံး သခင်မကြီး (စ.အ) အပေါ် ရာနှုန်း ပြည့် ချစ်နိုင်ကြပြီး သခင်မကြီး (စ.အ) ၏ နောက်လိုက်နောက်သား ပီသသူများ ဖြစ်ကြရန် အလ္လာဟ် ဟို အရှင်မြတ် ထံ ဒိုအာ ပြုပြီး ကြိုးစား ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251