အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၅ ဖေဖော်ဝါရီ ၂၀၂၄

၂၀:၁၂:၁၂
1440308

ဂါဇာကမ်းမြှောင်ဒေသအသီးသီးတွင် အစ္စရေးစစ်တပ် ၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းအများအပြား အသက်ဆုံးရှုံး

ဂါဇာကမ်းမြောင်ဒေသ အသီးသီးရှိ အစ္စရေးစစ်တပ်၏ လေကြောင်းနှင့် အမြောက်များဖြင့် တိုက်ခိုက်မှုများတွင် ပါလက်စတိုင်းသား အများအပြား အသက်ဆုံးရှုံးနေရကြောင်း ဝမ်းနည်း ဖွဘ်သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Quds News Channel ၏ အဆိုအရ တနင်္ဂနွေနေ့က ဂါဇာစီးတီးရှိ အဇ်ဇိုင်သွန် ဒေသရှိ အိမ်တစ်လုံးအား အစ္စရေး စစ်သားများ၏ တိုက်ခိုက်မှုတွင် ပါလက်စတိုင်း ၁၀ ဦး သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဂါဇာကမ်းမြှောင်တောင်ဘက် ခန်းယူနွစ် ရှိ ဇီယွန်အစိုးရ၏ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်မှုအတွင်း ပါလက် စတိုင်း သားနှစ်ဦး သေဆုံးခဲ့ရပါတယ်။

တချိန်တည်းမှာပဲ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ဇီယွန်အစိုးရ မှ  ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူမဆန်သည့် တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း အရပ်သား ၈၆ ဦး သေဆုံးပြီး ၁၃၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ကြေညာခဲ့ ကြောင်း သိရှိရပါတယ်။

တစ်ဖက်တွင်မူ အလ်ဂျဇီးရဟ် ရုပ်သံလိုင်းမှ ပါလက်စတိုင်း ၈ ဦး သေဆုံးခဲ့သည့် ဂါဇာကမ်း မြောင်တောင် ဘက်ရှိ ရဖ်ဟ်  မြို့လယ်ရှိ အိမ်တစ်လုံးအား အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း အစီရင်ခံခဲ့ပါတယ်။  အလ်ဂျဇီးရဟ်  ရုပ်သံလိုင်းကလည်း ဒီသတင်းရဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။

အလ်ဂျဇီးရဟ်  ရုပ်သံလိုင်းသည် ဂါဇာကမ်းမြှောင်မြောက်ပိုင်း ဘိုက်သို လာဟီယဟ် ရှိ အရှ်ရှီမာ ဒေသရှိ အိမ်တစ်လုံးတွင် ဇီယွန်အစိုးရ၏ ဒုံးကျည်ဖြင့် တိုက်ခိုက်သည့် ဗီဒီယိုကိုလည်း ထုတ်လွှင့်ခဲ့ပါတယ်။ ဒီဒုံးကျည်တိုက်ခိုက်မှုကြောင့် နေအိမ်မီးလောင်ခဲ့ပြီး ပါလက်စတိုင်း အများအပြား သေဆုံးပြီး ဒဏ်ရာ ရရှိခဲ့ ပါ တယ်။          

ဤအစီရင်ခံစာအရ ဂါဇာကမ်းမြှောင်မှာ ရှဟီးဒ် (အာဇာနည်)  ၂၉ဝဝဝ၆၉၂ ဦး နှင့်  ဒဏ်ရာရသူဦးရေ ၆၉ဝဝဝ၈၇၉ ဦး  ရှိသွား ကြောင်း သိရှိ ရပါတယ်။                                                                        

****************************************************************

END / 251