အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၇ ဖေဖော်ဝါရီ ၂၀၂၄

၂၀:၂၅:၀၃
1440906

အစ္စရေး ၏ ရက်စက်ကြမ်းကြုတ်မှုများ ကို ဆန့်ကျင် သည့် အနေဖြင့် အမေရိကန်စစ်သား မိမိ ကိုယ်တိုင် မီးရှို့ + ဗီဒီယို

ဇီယွန်ဝါဒီအစိုးရ၏ ဂါဇာတွင် ပါလက်စတိုင်းလူမျိုးများ လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်ကန့်ကွက် သည့် အနေဖြင့် ဝါရှင်တန်ဒီစီရှိ အစ္စရေးသံရုံးရှေ့တွင် အမေရိကန်လေတပ်မှ စစ်သားတစ်ဦး မိမိ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်း အထောက်အထားများ အရ ၀ါရှင်တန်၏ အရေးပေါ်ဌာနမှ ထုတ်ပြန်ချက်တွင် မိမိကိုယ်ကို မီးရှို့ဖျက်ဆီးသည့် ဖြစ်ရပ်ကို သိရှိပြီးနောက် အရေးပေါ်ဌာနမှ ဝန်ထမ်းများသည် ဆိုးဆိုးရွားရွား မီးလောင်ခံခဲ့ရသော အစ္စရေးသံရုံးရှေ့တွင် လူတစ်ဦးကို တွေ့ရှိခဲ့ပြီး အစ္စရေးသံရုံး၏ ရှေ့တွင် "လွတ်လပ်သော ပါလက်စတိုင်း" ဟု ကြွေးကြော် နေကြောင်း သိရှိရပါတယ်။

အဆိုပါအမျိုးသားအား အရေးပေါ်အခြေအနေဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ရှင်တန် အရေး ပေါ်စီမံခန့် ခွဲမှုဌာနမှ ပြောကြားခဲ့ပါတယ်။

ဤအမေရိကန်စစ်သားဟာ ဂါဇာမှာ ပြင်းထန်တဲ့ ဇီယွန်ဝါဒီအစိုးရရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင် တဲ့အနေနဲ့ မိမိကိုယ်ကိုယ် မီးရှို့ ခဲ့ခြင်း ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ညနေပိုင်းတွင် ကုလသမဂ္ဂကျန်းမာရေးအခွင့်အရေးသတင်းထောက်က ဂါဇာကမ်း မြောင် တောင် ဘက်  ရဖ်ဟ်  ၏အခြေအနေအား စိုးရိမ်ဖွယ်ရာအဖြစ် ဖော်ပြခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသ၏ ကျန်းမာရေး စနစ်ကို ဆန့်ကျင်သည့် အစ္စရေးအစိုးရ၏ စစ်ပွဲကို အရူးအမူး တိုက်ခိုက်နေခြင်းသည် တမင် တကာဟု ဆိုထား ပါတယ်။

ဂါဇာကမ်းမြောင်ဒေသတွင် ပျံ့ပွားနေသော လူသေ အရေအတွက်နှင့် ကပ်ရောဂါဆိုးများ ပြန့်ပွားမှုကြောင့် ကပ်ဘေးကြီးတစ်ခု ဖြစ်လာနိုင်သည်ဟု ကုလသမဂ္ဂ ကျန်းမာရေးအခွင့်အရေးကိုယ်စားလှယ်က အလေးပေး ပြောကြား ခဲ့ပြီး ထိုသို့သော အခြေအနေမျိုးတွင် ချက်ချင်း အပစ်အခတ်ရပ်စဲရေးမရှိဘဲ မည်သည့်အရာမှ မလုပ်နိုင်ကြောင်း သိရှိရပါတယ်။

ဇီယွန်ဝါဒီအစိုးရသည် ဂါဇာစစ်ပွဲတွင် ငတ်မွတ်မှုကို လက်နက်အဖြစ် အသုံးပြုနေကြောင်း ကုလသမဂ္ဂ ကျန်းမာရေး အခွင့် အရေးကိုယ်စားလှယ်က အလေးပေးပြောကြားခဲ့ပါတယ်။

****************************************************************

END / 251