အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂ မတ် ၂၀၂၄

၂၀:၁၇:၄၅
1441731

တီဟီရန် မြို့ ၏ အေမာမ် ဂျူမ်အအ် ဟဇရသ် အာယာသွလ္လာဟ် အေမာမ်မီ ကာရှာနီ အလ္လာဟ့် အမိန့် တော် ခံယူ

မဂျ်လစ် စေ ခိုဘ်ရ်ဂန် နေရဲဟ်ဗရီ ၏ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် တီဟီရန် မြို့ ၏ အေမာမ် ဂျူမ်အအ် ဟဇရသ် အာယာသွလ္လာဟ် အေမာမ်မီ ကာရှာနီ သည် နှလုံးရပ်ခြင်းကြောင့် အိမ်တွင် အလ္လာဟ့် အမိန့် တော် ခံယူ သွား ကြောင်း ဝမ်းနည် ဖွယ် သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဒရ်စဟ် အာလီ ရှဟီးဒ် မိုသွာဟေရီ ၏  ‌ဂေါပက လူကြီး၊ မဂျ်လစ် စေ ခိုဘ်ရ်ဂန် နေရဲဟ်ဗရီ  ၏ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် တီဟီရန် မြို့ ၏ အေမာမ် ဂျူမ်အအ်  နှင့် ရာထူး များ ကို ထမ်းဆောင် နေသည့် ဟဇရသ် အာယာသွလ္လာဟ် အေမာမ်မီ ကာရှာနီ သည် နှလုံးရပ်ခြင်းကြောင့် အိမ်တွင် အလ္လာဟ့် အမိန့် တော် ခံယူ သွား ကြောင်း ဝမ်းနည် ဖွယ် သိရှိရပါတယ်။

အေမာမ် ဇမာန်း (အ.ဂျ) ၏ တည်ရှိမှုကို သက်သေပြနိုင်သော ဥာဏ်ပညာနှင့် ဒဿနဆိုင်ရာ အထောက် အထားများကို ရှင်းပြထားသော စာအုပ် ခတ်သ်သေအမာန် နှင့် ခရစ်ယာန်၊ ဂျူးလူမျိုး အမျိုးမျိုးနှင့် မဟ်ဒဝီယသ် အကြောင်း ပြောဆိုဆွေးနွေးခြင်း သည် အာယာသွလ္လာဟ် အေမာမ်မီ ကာရှာနီ ၏ လက်ရာများထဲမှ တစ်ခုဖြစ် တယ်။

 

အာယာသွလ္လာဟ် အေမာမ်မီ ကာရှာနီ သည် အောက်တိုဘာလ ၃ ရက်နေ့ ခရစ် သက္ကရာဇ် ၁၉၃၁ခုနှစ် တွင်  ကာရှာန် မြို့ ၏ ကလ်ဟိုရ် ရပ်ကွက်တွင်မွေးဖွားခဲ့ပါတယ်။ အာယာသွလ္လာဟ် ၏ ဖခင်မှာ မီးရ်ဇာ အဘူသိုရာဗ် ဖြစ်ပြီး ကာရှာန် မြို့ ၏ ဂျူမ်အအ်နမာဇ် ရှေ့ဆောင် ဆရာ ဖြစ်ပါတယ်။ အာယာသွလ္လာဟ် ၏  ကိုယ်တိုင် ပြောပြချက်အရ ၏ အာယာသွလ္လာဟ် ၏  ဘိုးဘေးများသည် ကာရှာန် မြို့ ၏ ဂျူမ်အအ်နမာဇ် ရှေ့ဆောင် ဆရာ များ ဖြစ်ကြောင်း ဖြစ်ပါတယ်။ အာယာသွလ္လာဟ် အေမာမ်မီ ကာရှာနီ သည် အခြေခံပညာ နှင့် မူလတန်း အဆင့်ပညာ ကို ခရစ် သက္ကရာဇ် ၁၉၃၈ ခုနှစ် တွင်  စတင်ခဲ့ပြီး ခရစ် သက္ကရာဇ် ၁၉၄၄ ခုနှစ် တွင်   ဟောင်ဇေ အေလ်မီယေ ကာရှာန် သို့ ဝင်ရောက်ပြီး အာယာသွလ္လာဟ် ရာစ်သီ ကာရှာနီ ထံတွင် အရဘီ စာပေ နှင့် သဒ္ဒါ ပညာကို သင်ယူ ဆည်းပူးခဲ့ပါတယ်။

အာယာသွလ္လာဟ် အေမာမ်မီ ကာရှာနီ သည် ခရစ် သက္ကရာဇ် ၁၉၄၉ ခုနှစ် တွင်   အာယာသွလ္လာဟ် ယစ်ရဘီ ၏ အမိန့် အရ  မဒရ်စဟ် စေဘဲဟ်စာလာရ်  တီဟီရန် သို့ သွားရောက်ခဲ့ပါတယ်။ ထိုနေရာ တွင် နှစ်လခန့် ကြာပီး ဖခင် မှ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက် ဘရူဂျူရ်ဒီ ထံ ရေးပေးထားသည့် စာအရ ကွမ်းမြို့ သို့ သွားရောက် စေခဲ့ပါ တယ်။ ကွမ်းမြို့ ရှိ မဒရ်စဟ် ဖိုင်ဇီးယဟ် တွင် ကျောင်းတက်ခဲ့ပြီး အာယာသွလ္လာဟ် မိုဟမ္မဒ် ရေဇာ မဲဟ်ဒဝီ ကိုနီ နှင့် အခန်းဖော် ဖြစ်ခဲ့ပါတယ်။

အာယာသွလ္လာဟ် အေမာမ်မီ ကာရှာနီ  ပညာ သင်ယူ ခဲ့သည့် ဆရာများမှာ အာယာသွလ္လာဟ် အေမာမ် ဆဒ်ရ် ၊ အာယာသွလ္လာဟ် မဲဟ်ဒီ ဟာအေရီ ၊  အာယာသွလ္လာဟ် မဲဟ်မူဒ် ဆဒူကီ ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် ရှဟာဘွဒ်ဒီးန် မရ်အရှီ ၊ အာယာသွလ္လာဟ် မိုဂျာဟစ်ဒ်ဒီ သဗ်ရေဇီ နှင့် အာယာသွလ္လာဟ် အလီ မစ်ရှ်ကီနီ ၊ အာယာသွလ္လာဟ်  မိုရ်သဇာ ဟာအေရီ နှင့်  အာယာသွလ္လာဟ် အလ်အွဇ်မာ  မီးရ်ဇာ ဂျဝါဒ်  သဗ်ရေဇီ တို့ ဖြစ်ပါတယ်။

အာယာသွလ္လာဟ် အေမာမ်မီ ကာရှာနီ   အသက် ၁၃ နှစ် အရွယ် တွင်   အေမာမ် ခိုမေနီ (ရ.ဟ) နှင့် မော်ဟကစ်က် ဒါမါဒ် တို့ မွတ်ဂျ်သဟစ်ဒ် အဆင့် ရှိသူများ ကို သင်ကြားပေးသည့် အတန်း တွင် တက်ရောက် ခဲ့ပါတယ်။

ဖလ်စဖဟ် (ဒဿနိကဗေဒ ) နှင့်  အေရ်ဖန် (ဝိဇ္ဇာပညာ ) တို့ကိုလည်း အလာမဟ် သွဗာသွဗာယီ  နှင့် ဆယက်ဒ် အဘူလ်ဟစန် ရဖီးအီ ထံ သင်ယူခဲ့ပါတယ်။

အာယာသွလ္လာဟ် အေမာမ်မီ ကာရှာနီ သည် ခရစ် သက္ကရာဇ် ၁၉၆၁ ခုနှစ် တွင်  ဟောင်ဇေအေလ်မီယေ တီဟီရန် တွင်  အတန်းကြီးပြ ဆရာအဖြစ် စာများကို သင်ကြားပေးခဲ့ပါတယ်။  အာယာသွလ္လာဟ် အေမာမ်မီ ကာရှာနီ သည် ခရစ် သက္ကရာဇ် ၁၉၆၄ ခုနှစ် တွင်    နဂျဖ် မြို့  သို့ သွားရောက်ပြီး အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မော်ဟ်စင် ဟကီးမ် နှင့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် ခူဝီ ထံ တို့ တွင် ပညာ ထံ ၍ ဆည်းပူးခဲ့ပါတယ်။  

အာယာသွလ္လာဟ် အေမာမ်မီ ကာရှာနီ သည် ခရစ် သက္ကရာဇ် ၁၉၆၁ ခုနှစ် တွင်   ခုနှစ်တွင် ပဲဟ်လဝီ အစိုးရအား ဆန့်ကျင်သည့် နိုင်ငံရေးလှုပ်ရှားမှုများကို တီဟီရန်ရှိ အပတ်စဉ်အစည်းအဝေးများနှင့် ဗလီများတွင် တရားများ ဟောကြားခြင်း ပြော စတင်ခဲ့ပါတယ်။

အာယာသွလ္လာဟ် အေမာမ်မီ ကာရှာနီ သည် ခရစ် သက္ကရာဇ် ၁၉၇၀ - ၇၁  ခုနှစ် တွင်   ခုနှစ်များတွင် ဟေဒယသ် မတ်စ်ဂျစ်ဒ်  အပါအဝင် တီဟီရန် ရှိ မတ်စ်ဂျစ်ဒ် များ တွင်  ရှားဟ် အစိုးရအား ဆန့်ကျင်ဟောပြောခဲ့ပါတယ်။ ဤအတွက်ကြောင့် မင်ဘဲရ်ပေါ် တက် တရားဟောခံင့် ပိတ် ခံခဲ့ရပါတယ်။

အာယာသွလ္လာဟ် အေမာမ်မီ ကာရှာနီ သည် ခရစ် သက္ကရာဇ် ၁၉၇၇ ခုနှစ် တွင် အာယာသွလ္လာဟ် အေမာမ်မီ ကာရှာနီ သည် မရ်ကဇ်ဇီ ဂျာမေအ်အဟ် ရူဟာနီယသ် သေ မိုဘာရေဇ် တီဟီရန် ၏ အဖွဲ့ဝင် ဖြစ်ခဲ့ ပြီး အေမာမ် ခိုမေနီ (ရ.ဟ) ကိုယ်စား အမိန့် နှင့် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပါတယ်။

****************************************************************

END / 251