အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၃ မတ် ၂၀၂၄

၂၀:၂၈:၁၂
1441988

နောက်ဆုံး သတင်းအရ ဇီယွန်ဝါဒီ အစ္စရေး တို့၏ လူမဆန်သည့် ရက်စက်မူကြောင့် ပါလက်စတိုင်းသား ၂၆၇ ဦး ထပ်၍ ရှဟီးဒ် ဖြစ် ဒဏ်ရာရ

လွန်ခဲ့သည့် ၂၄ နာရီအတွင်း နယ်ချဲ့ ဇီယွန်စစ်တပ်၏ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းလူမျိုး ကိုးဆယ်ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ၎င်း၏နောက်ဆုံးအချက်အလက်များတွင် ထုတ်ပြန် ကြေညာခဲ့ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်း အထောက်အထားများ အရ ပြီးခဲ့သော နှစ်ဆယ့်လေးနာရီအတွင်း ဇီယွန်စစ်တပ်က တိုက်ခိုက်မှု ကိုးကြိမ် ပြုလုပ်ခဲ့ပြီး ပါလက်စတိုင်း ကိုးဆယ်ဦး သေဆုံးပြီး တစ်ရာ့ခုနစ်ဆယ် ဒဏ်ရာရရှိခဲ့ ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ဤနည်းဖြင့် ဂါဇာကမ်းမြောင်တိုက်ခိုက်မှုတွင် အောက်တိုဘာ ၇ ရက်မှ စတင်ခဲ့သည့် အစ္စရေးစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့်  ပါလက်စတိုင်း သုံးသောင်းလေးရာ ဆယ်ယောက် အသက်ဆုံးရှုံးခဲ့ပြီး ပါလက်စတိုင်း ခုနစ်သောင်းခုနစ်ထောင် ခုနစ်ရာကျော်သည် ဒဏ်ရာရခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို ဇီယွန်ဝါဒီအစိုးရ၏ တိုက်ခိုက်မှုအပြီး ငါးလနီးပါးကြာသွားသော်လည်း ယင်းအကျပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းနေသော်လည်း နယ်ချဲ့ အစ္စရေး တို့သည် မိမိတို့၏  ရက်စက် ကြမ်းကြုတ်မှု ကို ဆက်လက်လုပ်ဆောင်နေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြေကွဲစရာအဖြစ် ဖန်တီးရန် ရည်ရွယ်နေ ကြောင်း ဝမ်းနည်းဖွယ် တွေ့မြင် နိုင်ပါတယ်။

အဆက်မပြတ် နယ်ချ့ အစ္စရေး တို့၏ တိုက်ခိုက်မှုများ နှင့် အတူ ဇီယွန်အစိုးရဟာ ဂါဇာကို ဝိုင်းထားခြင်းဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း ပိတ်ဆို့ထားသည့် အတွက် ဂါဇာကမ်းမြောင်၏ အခြေအနေဟာ အလွန်ကြေကွဲစရာ ဖြစ်လာပါတယ်။

****************************************************************

END / 251