အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၅ မတ် ၂၀၂၄

၂၀:၂၈:၅၄
1442500

အီရန် နိုင်ငံခြားရေး ဝန်ကြီး သည် OIC အစည်း အဝေး တက်ရောက်ရန် ဂျဒ်ဒဟ် သို့ထွက်ခွာ

ပါလက်စတိုင်းနှင့်ပတ်သက်သည့် OIC အဖွဲ့ဝင်နိုင်ငံများ၏ အရေးပေါ်အစည်းအဝေးသို့ တက်ရောက်ရန် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) သည် တီဟီရန်မှ ဂျဒ်ဒါသို့ ထွက်ခွာခဲ့ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) သည် ပါလက်စတိုင်း နှင့် ပတ်သက်သော အစ္စလာမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ၏ အဖွဲ့ဝင်နိုင်ငံများ၏ အရေးပေါ်အစည်းအဝေးသို့ တက်ရောက်ရန် တီဟီရန်မြို့မှ ဂျဒ်ဒါသို့ ထွက်ခွာခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသရဲ့ နောက်ဆုံးအခြေအနေတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ အဖိနှိပ်ခံ ပါလက်စ တိုင်းလူမျိုး များ၏ တိုက်ခိုက်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ ထိရောက်တဲ့ အစီအမံတွေလုပ်ဖို့ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံနှင့်  အစ္စလာမ် နိုင်ငံအချို့ ၏ တောင်းဆိုချက်အရ ဤ အစည်းအဝေးကို ကျင်းပခဲ့တာဖြစ် ကြောင်း သိရှိရပါတယ်။

ဤတွေ့ဆုံမှုမှာ အီရန်နိုင်ငံခြားရေးဝန်ကြီးဟာ ပါလက်စတိုင်းရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံရဲ့ သဘောထားအမြင်နဲ့ အဆိုပြုချက်တွေကို ထုတ်ဖော်ပြောဆိုမယ့် အပြင် နိုင်ငံ တချို့ ၏ တာဝန်ရှိသူများ နှင်အရာရှိတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

****************************************************************

END / 251