အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၇ မတ် ၂၀၂၄

၁၉:၅၄:၄၈
1442916

တတိယ အကြိမ်မြောက် « လာဟိုးရ် မှ လာဟိုးရ်အထိ » အခမ်းအနားကို ကျင်းပ မည်

တတိယမြောက် « လာဟိုးရ် မှ လာဟိုးရ်အထိ » အခမ်းအနား အား ဒေါက်တာ ဆယက်ဒ် မိုဟမ္မဒ် အလီ နကဝီ ၏ ၂၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အောက်မေ့ဖွယ် အဖြစ် တီဟီရန်တွင် ကျင်းပမည် ဖြစ်ပြီး ထင်ရှားသော ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်များ နှင့် အီရန်နှင့် ပါကစ္စတန် နှစ်နိုင်ငံ မှ တက္ကသိုလ် ကျောင်းသား ကျောင်းသူ များ တက်ရောက်ကြမည်ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တတိယမြောက် « လာဟိုးရ် မှ လာဟိုးရ်အထိ   » အခမ်းအနား  အား ဒေါက်တာ ဆယက်ဒ် မိုဟမ္မဒ် အလီ နကဝီ ၏ ၂၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အောက်မေ့ဖွယ် အဖြစ်  အီရန် နိုင်င ၏ မြို့တော် တီဟီရန်တွင် ကျင်းပမည် ဖြစ်ပြီး ထင်ရှားသော ဘာသာရေး ဆိုင်ရာ  ပုဂ္ဂိုလ်များ နှင့် အီရန် နှင့် ပါကစ္စတန် နှစ်နိုင်ငံ မှ တက္ကသိုလ် ကျောင်းသား ကျောင်းသူ များ တက်ရောက်ကြမည်ဖြစ်ပါတယ်။

တတိယမြောက် « လာဟိုးရ် မှ လာဟိုးရ်အထိ   » အခမ်းအနား   မတ်လ ၃ ရက်နေ့  တွင် အီရန် စံတော် တော်ချိန် နေ့လည် ၃ နာရီ တွင် တီဟီရန် မြို့ ရှိ ရှရီအသ်သီ လမ်းမကြီး နှင့် ရက်ခ်ဂျာလ်လမ်းမကြီး ရှိ Qolhak Campus Cultural Complex တွင်ကျင်းပမည်ဖြစ် ပါတယ်။

ဤအောက်မေ့ဖွယ်အခမ်းအနားကျင်းပရာတွင် နိုင်ငံတကာသတင်း အေဂျင်စီ  များဖြစ်သည့် ပမာအားဖြင့် အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ သတင်းဌာန အပါအဝင် အခြား အဖွဲ့အစည်း များ နှင့် စင်တာများတွင် ပါဝင်ကြမည် ဖြစ်ပါတယ်။

အာဇာနည် ဒေါက်တာ ဆယက်ဒ် မိုဟမ္မဒ် အလီ နကဝီ  သည် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ပြီး Pakistan Imamiya Students Association အား တည်ထောင်သူခဲ့သူ ဖြစ်ကြောင်း တင်ပြ အပ်ပါတယ်။

****************************************************************

END / 251