အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
သောကြာနေ့

၈ မတ် ၂၀၂၄

၂၀:၂၈:၅၉
1443006

တပ်မ ၈၈ က ဗိုလ်ကြီးနှင့်အဖွဲ့ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ၇၉ နှစ်မြောက် အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲ ဖြေဆိုပြီး ပြန်လာတဲ့ တပ်မ ၈၈ က ဗိုလ်ကြီး ကျော်သူရပိုင်နဲ့အဖွဲ့ စီးလာတဲ့ကား ဒီနေ့မနက် ၁၀ နာရီမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ တပ်မ ၈၈ နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ၇၉ နှစ်မြောက် အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲ ဖြေဆိုပြီး ပြန်လာတဲ့ တပ်မ ၈၈ က ဗိုလ်ကြီး ကျော်သူရပိုင်နဲ့အဖွဲ့ စီးလာတဲ့ကား ဒီနေ့မနက် ၁၀ နာရီမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ တပ်မ ၈၈ နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အောင်မြေသာစံမြို့နယ်ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စစ်သည်တော်ကျင့်ဝတ်ဖြေပြီး ပြန်လာတဲ့ တပ်မ ၈၈ က ဗိုလ်ကြီးကျော်သူရပိုင် ဦးစီးတဲ့ အရာရှိစစ်သည် ၁၆ ဦးဟာ မကွေးကိုအပြန် နွားထိုးကြီးမြို့နယ် ထိမ္မလာကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ တပ်မ ၈၈ နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"တပ်မ ၈၈ က ယာဥ်တန်း မန္တလေး-ရန်ကုန်အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၀ နားလောက်မှာ မိုင်းဆွဲခံရတာ၊ ထိခိုက်မှုရှိတယ်ပြောတယ်။ သေဆုံးဒဏ်ရရာစာရင်းတော့ မသိရသေးဘူး၊ ပူးပေါင်းအဖွဲ့တွေ သွားနေတယ်။"

၇၉ နှစ်မြောက် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကို ဒီကနေ့မနက်က  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ရှိ ရန်အောင်မြင်ခန်းမနဲ့ နယ်မြေခံ သင်တန်းကျောင်းခန်းမတို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တိုင်မှူး ဗိုလ်မှူးချုပ်ကြည်သိုက်နဲ့ အရာရှိကြီး လာရောက်ခဲ့တယ်လို့ လပခနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"ဗိုလ်ကြီးအဆင့်၊ အရာခံဗိုလ်အဆင့်၊ တပ်ကြပ်ကြီးကနေ တပ်သားအထိ လာဖြေကြတယ်။ လူ ၂၀၀ ကျော်ဖြေတဲ့အထဲမှာ တပ်မ ၈၈ က ဗိုလ်ကြီးကျော်သူရပိုင်နဲ့ အခြားအဆင့် ၁၆ ယောက်လာဖြေတာ အပြန်ကို ဖြစ်တာနဲ့တူတယ်။"

လတ်တလော တပ်မ ၈၈ ယာဥ်တန်း တိုက်ခိုက်ခဲ့တဲ့ဖြစ်စဥ်မှာ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

နေပြည်တော်တိုင်း စစ်ဌာနချုပ်နဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ မတ် ၇ ရက်  စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲ ပြုလုပ်ခဲ့သလို မတ် ၆ ရက်ကလည်း တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။

၇၉ နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် စစ်ခေါင်းဆောင်က တိုင်းစစ်ဌာနချုပ် အားလုံးကို စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲပြုလုပ်ဖို့ မတ် ၁ ရက်က ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

****************************************************************
END / 251