အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
စနေနေ့

၉ မတ် ၂၀၂၄

၂၀:၃၃:၀၉
1443304

ဇရပ်ကြီးမြို့က စစ်ရှောင်များ နေရပ်ပြန်ကြသော်လည်း ဘုန်းကြီးကျောင်းများ၌သာ နေထိုင်နေရ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့က စစ်ရှောင်ပြည်သူတွေထဲမှာ နေရပ်ပြန်နေကြသူတွေလည်း ရှိပေမဲ့ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက လက်နက်ကြီးတေတွနဲ့ ပစ်ခတ်နေလို့ ဘုန်းကြီးကျောင်းတွေမှာပဲ နေထိုင်နေရတယ်လို့ သိရပါတယ်

    
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ




ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့က စစ်ရှောင်ပြည်သူတွေထဲမှာ နေရပ်ပြန်နေကြသူတွေလည်း ရှိပေမဲ့ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက လက်နက်ကြီးတေတွနဲ့ ပစ်ခတ်နေလို့ ဘုန်းကြီးကျောင်းတွေမှာပဲ နေထိုင်နေရတယ်လို့ သိရပါတယ်

ဖေဖော်ဝါရီ ၆ ရက်နေ့ကစတင်ပြီး စစ်ကောင်စီ‌ အမှတ် ၇၃ ‌ခြေလျင်တပ်ရင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲတွေဖြစ်ပြီး ဇရပ်ကြီးဒေသခံတွေဟာ တောင်ငူမြို့ကိုတိမ်းရှောင်နေထိုင်ခဲ့ကြရတာပါ။

ဒေသခံတယောက်က “ပဲရိတ်၊ စပါးရိတ်ဖို့က နောက်တောင်ကျနေပြီ။ အသီးတွေလည်း ရင့်သလောက်ရှိတော့ အမြန်ရိတ်မှရတော့မှာ။ လကုန်ရက်လောက်ကတည်းက ပြန်ဝင်ပြီး ပဲတွေရိတ်ကြရတာ။ လက်နက်ကြီးသံကလည်း ညတိုင်းလိုကြားနေရလို့ ညဘက်တွေ ပြန်ကျတာပေါ့။ အခုက သူခိုးကြောက်ရလို့ မပြန်ဖြစ်ဘဲ ကျောင်းမှာပဲနေလိုက်တာ” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲက ၃ ရက်လောက်ပဲဖြစ်ခဲ့ပေမဲ့ စစ်ကောင်စီက လေကြောင်းကရော ခြေလျင်တပ်ရင်းကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့တာကြောင့် နေရပ်မပြန်နိုင်ကြပဲ အခု ၁ လကျော်မှာ ပြန်ကြရတာလို့ ဆိုပါတယ်။

ဇရပ်ကြီးမြို့က ပြည်သူတွေဟာ စပါးနဲ့ပဲကို အဓိက စိုက်ပျိုးကြပြီး ရိတ်သိမ်းချိန်မှာ စစ်ရှောင်နေကြရလို့  တောင်သူအများစု အရှုံးပေါ်ရတယ်လို့လည်း သိရပါတယ်။

စစ်ရှောင်တွေကို ကူညီပေးနေသူတယောက်က “သူခိုးကလည်း သောင်းကျန်းနေတယ်ဗျ။ နေအိမ်တွေထဲက ပစ္စည်းတွေခိုးယူခံရတာလည်းရှိတယ်။ စပါးတို့၊ ပဲတို့ရိတ်ဖို့တွေကလည်း ရိတ်ပြီး တန်းရောင်းဖို့က အဆင်မပြေတော့ပြန်နေကြတာ။ လက်နက်ကြီးသံတွေ ကြားနေရတော့လည်း အိမ်တွေပြန်မနေဘဲ ဘုန်းကြီးကျောင်းတွေမှာပဲ ညအိပ်ကြရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ဇရပ်ကြီးက စစ်ရှောင်ပြည်သူ ၃ ပုံ ၂ ပုံလောက်ဟာ ပြန်သွားကြပြီဖြစ်ပြီး ငွေကြေးတတ်နိုင်သူတွေကတော့ တောင်ငူမြို့မှာ အိမ်ငှားရမ်းပြီး ဆက်လက်နေထိုင်ကြ သေးတယ်လို့ သိရပါတယ်။

****************************************************************
END / 251