အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၁ မတ် ၂၀၂၄

၁၉:၄၁:၃၂
1443773

မာနထောင်လွှား သူများ (အင်အားကြီးနိုင်ငံများ) နှင့် ရင်ဆိုင်ရန် တိုးတက်မှု လိုအပ် / ရဲဟ်ဗရ် အင်န်ကေလာဗ်

ကျမ်းတော်မြတ် ကုရ်အာန် ၏ စူရဟ် နေစာ အာယသ်တော် အမှတ် ၇၆ တွင် လာရှိသည်မှာ - လမ်းမှားကို ပျက်စီးအောင် အဆက်မပြတ်သည့် ဂျေဟာဒ် (ခ) ကြိုးပမ်းမှု ပြုပြီး အနောက်မဆုတ်တန် ကြိုးစားမှသာလျင် ဖြစ်နိုင်ပါသည်။ ပြီး နောက် သမိုင်း တွင် ဟက်(ခ)အမှန်တရားသည်ဤအတိုင်း ရှေ့တက် ခဲ့ခြင်း ဖြစ်ပါသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီးက်နာ သတင်းဌာန၏ သတင်း အထောက်အထားများအရ  ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ မကြာသေးမီက ပြုလုပ်ခဲ့သော အီရန် လွတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတွင် စူရဟ် ဘကရာဟ် ၏ အာယသ်တော် အမှတ် ၂၇၉ ၊ စူရဟ်  နေစာ ဩ အာယသ်တော် အမှတ်  ၇၆ နှင့်  စူရဟ် မွန်မ်သဟေနဟ် ၏ အာယသ်တော် အမှတ် ၈ တို့အား ကိုးကား၍ မိမိ မိန့်ခွန်း တွင် ရှင်းလင်း မိန့်ကြားခဲ့ပါတယ်။

ဤအခြေအနေတွင် စူရဟ်နေစာ ၏ အာယသ်တော် အမှတ် ၇၆ နှင့် သက်ဆိုင်သည့် အချက်များနှင့် ရှင်းလင်းချက်များကို ဖော်ပြပါမယ်။

ဤအစည်းအဝေးတွင် ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ဤ အာယသ်တော် အား ညွှန်ပြ၍ မိန့်ကြားသည်မှာ - အစ္စလမ်ဘာသာ ၏ အခြေခံ အုတ်မြစ် နှင့် အစိုးရ ထူထောင်ခြင်းမှာ «لا تَظلِمونَ وَ لا تُظلَمون» ဖြစ်ပါတယ်။ဆိုလိုသည်မှာ အီမာန် ရှင်များသည် အလ္လာဟ့် လမ်း တွင် ဇိုလ်မ် (ရက်စက်ညှဥ်းပန်း ခြင်း ) နှင့် ဇွာလင်မ် ( ရက်စက် ညှဥ်းပန်းသူ) တို့အား ရင်ဆိုင် တော်လှန် ကြသူ များဖြစ်ကြပါတယ်။

အာယသ်၏စာသားမှာ -

« الَّذِينَ آمَنُوا يُقَاتِلُونَ فِي سَبِيلِ اللَّهِ وَالَّذِينَ كَفَرُوا يُقَاتِلُونَ فِي سَبِيلِ الطَّاغُوتِ فَقَاتِلُوا أَوْلِيَاءَ الشَّيْطَانِ إِنَّ كَيْدَ الشَّيْطَانِ كَانَ ضَعِيفًا »

ဖြစ်ပါတယ်။

အာယသ်တော်၏ အဓိပ္ပာယ်မှာ -အီမာန်ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် ပြိုင်ဆိုင် ရင်ဆိုင်တော်လှန် ကြပါသည်။ ကာဖေရ် ငြင်းပယ်သူများကမူ ဇွာလင်မ် (ရက်စက်ညှဥ်းပန်းသူ) ၏လမ်းတွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြပါသည်။ သို့ဖြစ်ရာ အသင်တို့သည် ရှိုင်သွာန်၏အဆွေခင်ပွန်းများကို တော်လှန်ကြ ပါ။ စင်စစ်ရှိုင်သွာန်၏လှည့်ကွက်၊ကြံစည်မှုသည် ချည့်နဲ့ အားပျော့ လှပါသည်။

ဤအာယသ်တော် တွင် အလ္လာဟ်ဟို အရှင်မြတ်သည် မိုဂျာဟစ်ဒီးန် များ အားပေး အားမြှောက်ထားပြီး ၎င်းတို့ အား ရန်သူများကို  ရင်ဆိုင်တော်လှန် ကြရန် တိုက်တွန်း ထားပါတယ်။ ပြီးနောက် မိုဂျာဟစ်ဒီးန် များ ၏ လက္ခဏာများ နှင့် ရည်ရွယ်ချက်များ ကို တင်ပြရန် မိန့်ကြားထားပါတယ် - အိုအီမာန် သက်ဝင် ယုံကြည်သူအပေါင်းတို့ အလ္လာဟ့်လမ်း တွင်  အလ္လာဟ်ဟို အရှင်မြတ် ၏ အဖန်ဆင်းခံများ ၏ အကျိုး အတွက် ရင်ဆိုင် တော်လှန် ကြပါ။ သို့သော် အီမာန် မရှိသူများ ဇွာလင်မ်များသည် ပျက်စီးသည့်လမ်း အတွက် တိုက်ခိုက် ကြ ကြောင်း ဖြစ်ပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ မိမိ ၏မိန့်ခွန်းတွင် ဤအာယသ်တော်အား ကိုးကားပြီး သမိုင်းတွင် အမှန်တရားအတွက် တော်လှန် ခြင်း၏ အရေးပါ ပုံကို မိန့်ကြားခဲ့ ပါတယ်။  တမန်တော်မြတ် များ  (အ.စ) အားလုံး သည် ငွေကြေးနှင့်အာဏာကို အသုံးပြု၍ ရက်စက်ညှဥ်းပန်းသည့် အာဏာရှင်များ လောကတွင် ကျူးကျော်သူများ၊ လောက၏ ဇွာလင်မ်များ နှင့် ဖေရ်အောင်န်များ ကို ရင်ဆိုင် တော်လှန် ခဲ့ကြပါတယ်။ ၎င်းဇွာလင်မ်များ ကို တော်လှန် ကြသူများ  နှင့် အတူ ရှိခဲ့ကြပါတယ်။

 အမှန်တရား ၏ ကြိုးပမ်း မှု မရှိဘဲ အမှားသည် နောက်သို့ ဆုတ်မည် မဟုတ်ကြောင်း ဤဖြစ်ရပ်မှန်သည် မနုဿလူသား ၏ သမိုင်း အစ မှစ၍ ယနေ့ အထိ လူ့အခွင့်အရေး သည် နေ့စဥ် နှင့်အမျှ ပညာသည် အလ္လာဟ် ဟို အရှင်မြတ် နှင့် နီးသထက်နီးလာသည့် အတွက်ကြောင့် ကြိုးပမ်းမှု ရှိလာကြောင်း ဤအတွက်ကြောင့် အမှန်တရား အတွက် ရင်ဆိုင်တော်လှန် လာကြောင်း မည်သူမဆို အီမာန် ရှင်ဖြစ်လျင် အလ္လာဟ့်လမ်း တွင် ရင်ဆိုင်တော်လှန် မည် ဖြစ်ကြောင်း ကာဖေရ် ဖြစ်ပါက  အလ္လာဟ့်လမ်းတွင် ရှိနေသူများကို တိုက်ခိုက်မည် ဖြစ်ကြောင်း အာဏာရှင်ဇွာလင်မ်များ ဖိနှိပ်ရှင် ဇွာလင်မ်များ ကိုလည်းတော်လှန်ခြင်း မရှိဘဲ အမှန်တရားသည် ရှေ့ သို့ တက်နိုင်မည် မဟုတ်ကြောင်း ဤအတွက် ကြိုးပမ်းအားထုတ်မူ လုပ်ရန် အရေးကြီးကြောင်း တမန်တော်များ (အ.စ) သည်လည်း ဤကဲ့သို့ ကြိုးပမ်းခဲ့ကြကြောင်း စသည်ဖြင့် ဟောကြားခဲ့ပါတယ်။ဂ

#အီရန်အစိုးရအရာရှိများ၊သံတမန်များနှင့်တွေ့ဆုံပွဲတွင်ရဲဟ်ဗရ်အင်န်ကေလာဗ်အစ္စလာမ်မီ၏တရားများမှကောက်နှုတ်ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။

****************************************************************

END / 251