အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၁၄ မတ် ၂၀၂၄

၁၇:၅၄:၄၉
1444427

ရေးချောင်းတောင်မြစ်ကူးတံတားဂိတ် တိုက်ခိုက်ခံရ၊ ဝေါမြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး ဒဏ်ရာရ

မွန်ပြည်နယ် ရေးမြို့နယ် ရေးချောင်းတောင်မြစ်ကူးတံတားက စစ်ကောင်စီစစ်ဆေးရေးဂိတ် မတ် ၁၄ ရက် ဒီနေ့မနက် ၈ နာရီ၊ မိနစ် ၄၀ လောက်က တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မွန်ပြည်နယ် ရေးမြို့နယ် ရေးချောင်းတောင်မြစ်ကူးတံတားက စစ်ကောင်စီစစ်ဆေးရေးဂိတ် မတ် ၁၄ ရက် ဒီနေ့မနက် ၈ နာရီ၊ မိနစ် ၄၀ လောက်က တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေးမြို့ခံတယောက်က "သေနတ်ပစ်ခတ်သံကြားပြီး တံတားဘက်ကို လူနာတင်ယာဥ်ကားဝင်သွား ပြီး ဆေးရုံဘက်ကို ပြန်သယ်ထုတ်သွားခဲ့တယ်။ သိရတာက ၂ ယောက်တော့ စစ်ကောင်စီတပ်ဘက်က အထိအခိုက် အသေဆုံးတော့ရှိနိုင်တယ်" လို့ ပြောပါတယ်။

ခရီးသွားတယောက်က "ပစ်ခတ်မှုက အပြန်လှန်ပစ်ခတ်တာပါ။ ပစ်ခတ်မှုဖြစ်ပြီးနောက် တံတားမှာ ပိတ်မိနေတဲ့ ကားတွေ၊ ခရီးသွားတွေ ၁ ဒါဇင်ကျော်မက တံတားပေါ်မှာကို ပိတ်မိနေတာ၊ ၁ နာရီကြာလောက်အထိ ပေးမသွားသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီ ရေးချောင်းတောင်တံတား စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က အနီးကပ်ဝင်ပစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

“ဒီနေ့ မစ်ရှင်ကတော့ အရမ်းကြမ်းတယ်။ အစစ်ဆေးလုပ်နေတဲ့ ကောင်တွေကို ဝင်ပစ်တာပါ။ လက်နက်တော့ ကောက်မရခဲ့ဘူး၊ ပွဲတော့အရမ်းကြမ်းတယ်။ ဝင်ပစ်တာဆိုတော့ သူပစ်ကိုယ့်ပစ်ပေါ့။ စကစဘက် နှစ်ဦးကျတယ်၊ ဒဏ်ရာရတာလည်း ရှိမယ်။ ပစ်ကြတာတော့ ဆယ်ပေလောက်တောင် မဝေးဘူး ကပ်လျက်၊ ကိုယ့်ဘက်က တယောက်ထိတယ်။”

ဘီလူးနင်းမဲ့လမ်း စစ်ဆင်ရေးကို စတင်ဖော်ဆောင်သွားမယ်လို့ ရေးဘီလူးအဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းမှာ အသိပေးထားပြီး မွန်ပြည်နယ်အတွင်း မည်သည့်နေရာမဆို တိုက်ပွဲတွေဖြစ်လာမယ်လို့ သတိပေးပြောဆိုထားပါတယ်။

အဆိုပါချောင်းတောင်တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်ဟာ လုံခြုံရေးတင်းကျပ်ထားသလို ငွေကြေးတောင်းခံနေတဲ့ဂိတ်လည်း ဖြစ်ပါတယ်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကျွန်းရွှေဝါအုပ်စု၊ ငှက်ပျောတစ်ပင်သောင် အရှေ့ဘက်ခြမ်းမှာ မတ် ၁၄ ရက် ညနေ ၃ နာရီခွဲလောက်က စစ်ကောင်စီတပ်ထောင်ထားတဲ့ မိုင်းတလုံး ပေါက်ကွဲခဲ့တာကြောင့် ကလေး ၂ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငှက်ပျောတစ်ပင်သောင် အရှေ့ဘက်ခြမ်းမှာ ကလေးငယ်နှစ်ဦး ဆော့ကစားရာမှ မိုင်းပေါက်ကွဲခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။

အသက် ၅ နှစ်အရွယ်ကလေးမှာ မျက်လုံးနဲ့ ခန္ဓာကိုယ်၊ အသက် ၆ နှစ်အရွယ်ကလေးက မျက်လုံးနဲ့ ဝမ်းဗိုက်တို့မှာ ဒဏ်ရာတွေရရှိခဲ့ပြီး စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အဆိုပါမိုင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က ငှက်ပျောတစ်ပင်သောင်ကို စစ်ကြောင်းထိုးခဲ့တဲ့ ဘောနတ်ကြီးအခြေစိုက် မစခ ၉၀၁ နှင့် အမတ ၂၀၅ တပ်ရင်းတို့ ထောင်ထားတဲ့ မိုင်းတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပေမဲ့ DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဆိုပါစစ်ကြောင်းဟာ သောင်ထဲရှိ တဲတွေကိုလည်း မွှေနှောက်ကာ ပစ္စည်းတွေ ယူဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

****************************************************************
END / 251