အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၇ မတ် ၂၀၂၄

၁၀:၄၆:၄၀
1445055

ဘာလူချီစတန် ရှီအဟ်ကွန်ဖရင့်စ် ၏ ဒုဥက္ကဋ္ဌ ရှဟီးဒ် ဖြစ်

ဘာသာရေး နိုင်ငံရေးနှင့် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သည့် ပါကစ္စတန်နိုင်ငံ၏ဟဇာရဟ် လူမျိုးများ ၏ ထင်ရှား၏သည့် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဘာလူချီစတန် ရှီအဟ်ကွန်ဖရင့်စ် ၏ ဒုဥက္ကဋ္ဌ ဖြစ်သူ ဟာဂျီ ရမ်တွာန် အလီ သည် အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုတစ်ခုတွင် ရှဟီးဒ် ဖြစ်သွားကြောင်း ဝမ်းနည်း စွာ သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရှီအဟ်ကွန်ဖရင့်စ် ၏ ဒုဥက္ကဋ္ဌ ဟာဂျီ ရမ်တွာန် အလီ သည် ပါကစ္စတန်နိုင်ငံ ဘာလူချီစတန် ပြည်နယ် ၏ မြို့တော် ကွေတာ တွင် အကြမ်းဖက်တိုက်ခိုက်မှု အတွင်း ရှဟီးဒ် ဖြစ်သွားကြောင်း ဝမ်းနည်း စွာ သိရှိ ရပါတယ် ။

ထုတ်ပြန်သည့်သတင်းအရ ဟာဂျီ ရမ်တွာန် အလီ အား ဟဇာရဟ် ခရိုင်ရှိ မိမိ ၏နေအိမ်တွင် အမည်မသိသေနတ်သမားများက ပစ်သတ်ခံခဲ့ရကြောင်း သိရပါတယ်။

သူ့အစ်ကို၏ ပြောကြားချက်အရ ဟာဂျီ ရမ်တွာန် အလီ ၏နေအိမ်တံခါးကို လာရောက်လည်ပတ်ပြီးနောက် အမည်မသိလူများက သူ့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြကြောင်း ယင်းဖြစ်စဉ်တွင်ဟာဂျီ ရမ်တွာန် အလီ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

ယနေ့မှာတော့ ဟာဂျီ ရမ်တွာန် အလီ ဟာ ဒဏ်ရာကြောင့် ရှဟီးဒ် ဖြစ်သွားပြီး ဖြစ်ကြောင်း လူမှုကွန်ရက်မှာ တင်ထားခြင်း ဖြစ်ပါတယ်။

ဟာဂျီရမ်တွာန် အလီသည် မဟော်ရန် ရက်များ နှင့် ဟဇာရဟ် နှင့် ကွေတာ ဧရိယာရှိ အခြားဘာသာရေး အခမ်းအနားများ တွင် စတုဒိသာများ ပြုလုပ်၍ ခသ်မသ် လုပ်ခဲ့သူ ဖြစ်ပါတယ်။

ထို့အပြင် ၎င်းသ် ဘာလူချီစတန် ရှီအဟ်ကွန်ဖရင့်စ် ၏ တာဝန်အချို့ကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ထုတ်ပြန်ချက်ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရှိရပါတယ်။

ပါကစ္စတန် ရှီအဟ် အိုလမာ ကောင်စီ ၏ အထွေထွေအတွင်းရေးမှူး ဟွတ်ဂျ်ဂျသိုလ် အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဒေါက်တာ ရှဘီးရ်ဟစန် မိုင်းစန်မီ မှ အလွန်ဝမ်းနည်း ကြေကွဲ စွာ ဖြင့် ဟာဂျီ ရမ်တွာန် အလီ အား ရက်စက်ခဲ့မှုအား အပြင်းအထန် ရှုတ်ချကြောင်း ပြောကြားရင်း ဟဇာရဟ် လူမျိုးများ၏ ထင်ရှားသည့် ပုဂ္ဂိုလ်အား ရက်စက်ခဲ့သူ လူသတ်သမား အား ချက်ချင်းဖမ်းဆီးရန် အစိုးရအား တောင်းဆိုခဲ့ ပါတယ်။

ဆက်လက်ပြီး ဟွတ်ဂျ်ဂျသိုလ် အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဒေါက်တာ ရှဘီးရ်ဟစန် မိုင်းစန်မီ မှ ဘာသာရေး နိုင်ငံရေးနှင့် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သည့် ဟာဂျီ ရမ်တွာန် အလီ သည် အထင်ကရခေါင်းဆောင်တစ်ဦးဖြစ်ပြီး နိုင်ငံတစ်ဝှမ်း အကြမ်းဖက်သမားများ၏ဖမ်းဆီးအရေးယူမှုများ ပြု ခဲ့မည်ဆို ဤကဲ့သို့ ကြေကွဲဖွယ်ဖြစ်ရပ်များ ဖြစ်လာမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒေါက်တာ ရှဘီးရ်ဟစန် မိုင်းစန်မီ မှ အလေးပေးဖော်ပြခဲ့သည် မှာ ကြေကွဲဖွယ်ရာဖြစ်ရပ်များကို တားဆီးရန်အတွက် ပါ၀င်သည့်အေးဂျင့်များကို ဖော်ထုတ်ရမည်ဖြစ်ပြီး ၎င်းတို့၏ သင်တန်းဆရာများ အပါအဝင် အကြမ်းဖက်သမားများ ကို စနစ်တကျ မဟာဗျူဟာနှင့် လုပ်ဆောင်မှုအစီအစဉ်များဖြင့် ဖျက်ဆီးပစ်ရမည်ဖြစ်ကြောင်း ထိုမှသာ အဖိုးတန်အသက်ပေါင်းများစွာကို ဆုံးရှုံးခြင်းမှ ကာကွယ် နိုင်မည် ဖြစ်ကြောင်း ဖြစ်ပါတယ်။

****************************************************************

END / 251