အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၈ မတ် ၂၀၂၄

၁၂:၁၁:၁၆
1445346

အီရတ် နိုင်ငံ ၏ အစ္စလာမ်မစ် ခုခံရေးတပ် မှ ဇီယွန်ဝါဒီ လေတပ်စခန်း အား ဒုံးကျည်များဖြင့် တိုက်ခိုက်

အီရတ် နိုင်ငံ ၏ အစ္စလာမ်မစ် ခုခံရေးတပ် မှ အသိမ်းပိုက်ခံ ထားရသည့် ဂူလန် ‌ တွင် ဇီယွန်ဝါဒီ လေတပ်စခန်း အား ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher သတင်းဌာန ၏ သတင်းအထောက်အထားများအရ အီရတ် နိုင်ငံ ၏ အစ္စလာမ်မစ် ခုခံရေးတပ် မှ ထုတ်ပြန်ချက် တစ်ခု တွင် အသိမ်းပိုက်ခံ ထားရသည့် ဂူလန် ‌ တွင် ဇီယွန်ဝါဒီ လေတပ်စခန်း အား ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာရှိ အပြစ်မဲ့ ပါလက်စတိုင်း အရပ်သားများအပေါ် ဇီယွန်ဝါဒီ အစိုးရ၏ ရိုင်းစိုင်းသော တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အဆိုပါ ဒုံးကျည် တိုက်ခိုက်မှုကို တုံ့ပြန်ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားးပါတယ်။

လွန်ခဲ့သည့် ရက်သတ္တပတ်က အီရတ် အစ္စလာမ္မစ် ခုခံရေး အဖွဲ့က Ben Gurion လေဆိပ်ကို စင်မြင့် စစ်ဆင်ရေး တစ်ခုအတွင်း ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

ဇီယွန်အစိုးရ၏ ဂါဇာကမ်းမြောင်ဒေသတွင် လူမဆန်သည့် တိုက်ခိုက်မှုများ ပြီးနောက်တွင် ယီမင်၊ လက်ဘနွန်နှင့် အီရတ်တို့၏ တော်လှန်ရေးအဖွဲ့အစည်းများသည် ဇီယွန်စစ်စခန်းများကို တိုက်ခိုက်မှုများ တိုးလာခဲ့ ကြောင်း သတိပြုသင့်ပါတယ်။

*************************************************************

END / 251